ပုသိမ်တက္ကသိုလ်က စာရေးအမျိုးသမီး အသတ်ခံရပြီး တစ်လနီးပါးအကြာမှ ဖခင်ဖြစ်သူက သူကိုယ်တိုင်သတ်ခဲ့တာဖြစ်ကြောင်း ၀န်ခံ


ပုသိမ်တက္ကသိုလ် သင်္ချာဌာနက စာရေးအမျိုးသမီး အသတ်ခံရပြီး တစ်လနီးပါးအကြာမှသာ ဖခင်ဖြစ်သူက သူကိုယ်တိုင် သတ်ခဲ့တာဖြစ်ကြောင်း ရဲစခန်းမှာ ၀န်ခံထွက်ဆိုလိုက်တယ်လို့ သိရပါတယ်။ စာရေးအမျိုးသမီးသေဆုံးမှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူလို့ ယူဆရသူ (၁၃)ဦးကို သင်္ဘောကျင်းနယ်မြေ ရဲစခန်းက ခေါ်ယူစစ်ဆေးပြီးနောက် ဖခင်ဖြစ်သူကို ဦးမောင်ပုကိုပါ ထပ်မံစစ်ဆေးပြီးမှ သတ်ခဲ့ကြောင်း ဖေဖော်ဝါရီ (၁၄)ရက် ညပိုင်းက ၀န်ခံထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဦးမောင်ပုနဲ့ သမီးဖြစ်သူ သေဆုံးသူ မနီလာခိုင်တို့ဟာ ပုသိမ်မြို့နယ် ရေသိုးကုန်းကျေးရွာမှာ နှစ်ဦးတည်းနေထိုင်သူတွေဖြစ်ပါတယ်။ အခင်းဖြစ်တဲ့ ဇန်န၀ါရီလ (၁၇)ရက်က ပုသိမ်မြို့ ကင်မလင်းကျွန်း ရပ်ကွက်မှာ ၀ယ်ယူထားတဲ့ မြေကွက်ကိစ္စနဲ့ပတ်သက်ပြီး စကားများ ရာကနေ ဖခင်ဖြစ်သူက အနားမှာရှိတဲ့ ငရုတ်ကျည်ပွေ့နဲ့ သမီးဖြစ်သူရဲ့ ခေါင်းကို ထုခဲ့တာကြောင့် သတိလစ်သွားခဲ့တယ်လို့ ဆိုပါတယ်။


 အဲဒီနောက် အိမ်ရှေ့ရေကပြင်ကို ပွေ့ချီခဲ့ကာ ဓားမြှောင်နဲ့ ရင်ဘတ်ကို (၆)ချက်၊ ထင်းခုတ်ရဲဒင်းနဲ့ ခေါင်း၊ မျက်နှာ၊ နောက်ကျောတို့ကို ခုတ်ခဲ့ပြီး အလောင်းက သွေးတွေကို ရေဆေးကာ အိမ်သာထဲသွားရောက် ထားခဲ့တာဖြစ်တယ်လို့ ၀န်ခံထွက်ဆိုခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုတွေမှာ ကူညီပေးခဲ့သူ ဦးဌေးအောင်က ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ ဖခင်ဖြစ်သူကို ပုသိမ်မြို့ သင်္ဘောကျင်းနယ်မြေရဲစခန်းက (ပ) ၁၇/၂၀၁၈ ၊ လူသတ်မှုပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်ဖမ်းဆီးထားပါတယ်။

သတင်း - ကိုလတ်(ပုသိမ်)(5 Plus News)
https://www.facebook.com/5plusnews/
ပုသိမ်တက္ကသိုလ်က စာရေးအမျိုးသမီး အသတ်ခံရပြီး တစ်လနီးပါးအကြာမှ ဖခင်ဖြစ်သူက သူကိုယ်တိုင်သတ်ခဲ့တာဖြစ်ကြောင်း ၀န်ခံ ပုသိမ်တက္ကသိုလ်က စာရေးအမျိုးသမီး အသတ်ခံရပြီး တစ်လနီးပါးအကြာမှ ဖခင်ဖြစ်သူက သူကိုယ်တိုင်သတ်ခဲ့တာဖြစ်ကြောင်း ၀န်ခံ Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.