နီပေါလ်ဝန်ကြီးချုပ်သစ် ကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်လာ


နီပေါလ်နိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် ကွန်မြူနစ်ပါတီခေါင်းဆောင် ခါဒဂါ ပရာဆက် အိုလီကို အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ပါလီမန်ရွေးကောက်ပွဲတွေ ရလဒ်ထွက်လာပြီး အခုလိုဖြစ်လာတာပါ။

သူဟာ ၂၀၁၅ ခုနှစ်ကလည်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး၊ အခုတကြိမ်အတွက် ဒီနေ့ကျန်းကျိန်ရမယ်လို့ သမ္မတရုံးပြောခွင့်ရသူက ဆိုပါတယ်။

နီပေါလ်နိုင်ငံမှာ မာ့ခ်လီနင်ဝါဒအခြေခံတဲ့ ကွန်မြူနစ်ပါတီနဲ့ မော်စီတုန်းဝါဒအခြေခံတဲ့ ကွန်မြူနစ်ပါတီရယ်လို့ရှိနေပြီး၊ ဒီပါတီနှစ်ရပ်ရဲ့ညွန့်ပေါင်းအင်အားက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နေရာအများဆုံးရထားသလို၊ ဝန်ကြီးချုပ်သစ် ခါဒဂါက ညွန့်ပေါင်းအစိုးရကို ဦးဆောင်မှာဖြစ်ပါတယ်။ ခါဒဂါ အဓိကရင်ဆိုင်ရမှာကလည်း၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ကို ချိန်ခွင့်ညှာညှိပြီး ဆက်ဆံရမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ