ထားဝယ်မြို့ ၌ အသက်(၈)နှစ်အရွယ် မိန်းကလေး သားမယားပြုကျင့်ခံရ


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်အချိန်ခန့် က အသက်(၈)နှစ်အရွယ် မိန်းကလေး သားမယားပြုကျင့်ခံရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်ပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ်အချိန် ထားဝယ်မြို့နေ ဒေါ်×××သည် အိပ်ယာနိုး၍ အောက်ထပ်သို့ ဆင်းကြည့်စဉ် အတူနေ မြေးဖြစ်သူ မ×××(၈)နှစ်အား မတွေ့ရှိ၍ မိသားစုများမှ လိုက်လံရှာဖွေခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်တွင် နေအိမ်နှင့် တစ်အိမ် ကျော်ရှိ ခြံဝင်းအတွင်း ငှက်ပျောတော၌ မ×××အား မိန်းမကိုယ်မှ သွေးများထွက်လျက်တွေ့ရှိရသည်။

 ၎င်းအနီးမှ လူတစ်ဦး(စိစစ်ဆဲ) ထွက်ပြေးသွားသည်ကို တွေ့ရှိရသောကြောင့် အရေးယူပေးရန် တိုင်တန်း ချက်အရ သားမယားပြုကျင့်သူ တရားခံ(စုံစမ်းဆဲ)အား ထားဝယ်မြို့မရဲစခန်း(ပ)၄၀၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ ဖြင့် အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ထားဝယ်မြို့ ၌ အသက်(၈)နှစ်အရွယ် မိန်းကလေး သားမယားပြုကျင့်ခံရ ထားဝယ်မြို့ ၌ အသက်(၈)နှစ်အရွယ် မိန်းကလေး သားမယားပြုကျင့်ခံရ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.