ကမ်းထောင်းကြီးမြို့တွင် မီးလောင်၍ နေအိမ် ၂ လုံးဆုံးရှုံးပြီး ၃ လုံးပျက်စီး


စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်တွင် ယနေ့ နေ့လယ်က မီးလောင်၍ နေအိမ် ၂ လုံး မီးလောင်ကျွမ်းသွားပြီး မီးကူးမည်ကို စိုးရိမ်သဖြင့် နေအိမ် ၃ လုံးဖျက်ဆီး လိုက်ရသည်ဟု သိရသည်။

၎င်းမီးသည် ဖေဖော်ဝါရီလ ၁ဝ ရက် နေ့လယ် ၂ နာရီ မိနစ် ၂ဝ အချိန်တွင် ကမ်းထောင်းကြီးမြို့ တောင်ပိုင်ရပ်ကွက်နေ ဦးဆိုင်းမောင်၏ နေအိမ်အတွင်းရှိ မီးကြွင်း မီးကျန်များမှတဆင့် စတင် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း ကမ်းထောင်းကြီးမြို့မ ရဲစခန်းမှူးက ပြောသည်။

“မီးလောင်တာကတော့ မီးကြွင်း မီးကျန်ကလောင်တာပါ။ ပေါ့ဆမီးပါ။ မီးလောင်တဲ့အချိန်မှာ အိမ်မှာတစ်ယောက်မှမရှိဘူး။ ထင်းသွားခွေသွားနေကြတယ်။ မီးကတော့ ၂ နာရီ မိနစ် ၃ဝ လောက်မှာ လုံးဝကကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု ရဲစခန်းမှူး ကပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ဘေးနားမှ ကပ်ရပ် တည်ရှိသည့် အိမ်များကို မီးကူးမလောင်ကျွမ်း စေရန်အတွက် နေအိမ် ၃ လုံးကိုလည်း ဖြိုဖျက်လိုက်ရကြောင်း သိရသည်။

မီးလောင်ဆုံးရှုံးသွားသည့် အိမ်များမှာ ဓနိမိုး၊ ဓနိကာဖြင့် ဆောက်လုပ်ထားသောအိမ်များဖြစ်ပြီး ဆုံးရှုံးမှုကာလတန်ဖိုးမှာ ငွေကျပ် ၂ သိန်း ဖိုးခန့်ဖြစ်ကြောင်း ရဲစခန်းမှူးက ပြောသည်။

“အခုချိန်က ပွင့်လင်းရာသီလည်းရောက်လာပြီးဆိုတော့ မီးကို မပေါ့ဆဖို့၊ သတိရှိဖို့လိုပါတယ်။ ထင်းမီးလို့ မဟုတ်ဘူး။ လျှပ်မီးသုံးစွဲတယ်ဆိုရင်လည်း မီးခလုပ်တွေကို ပိတ်ထားခဲ့ဖို့ အကြံပြုချင်ပါတယ် ” ဟု ခန်းမှူးက ပြောကြားသည်။

မီးစတင်လောင်သည့် နေအိမ်မှ အိမ်ထောင်ဦးစီးဖြစ်သူ ဦးဆိုင်မောင်မှာ ခရီးလွန် နေသောကြောင့် အဆိုပါဖြစ်ပွားမှုနဲ့ သက်ဆိုင်သည့် ဇနီးဖြစ်သူ ဒေါ်မှဲ့နုကြည်အား အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြောင်း စခန်းမှူးက ပြောသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
ကမ်းထောင်းကြီးမြို့တွင် မီးလောင်၍ နေအိမ် ၂ လုံးဆုံးရှုံးပြီး ၃ လုံးပျက်စီး ကမ်းထောင်းကြီးမြို့တွင် မီးလောင်၍ နေအိမ် ၂ လုံးဆုံးရှုံးပြီး ၃ လုံးပျက်စီး Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.