ကျောက်ဖြူမြို့နယ်တွင် အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

(Photo by Zaw Oo's post)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ချောင်းဝကျေးရွာအုပ်စု၊ ကလာဘာကျေးရွာမှ အသက်(၂၁) နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူရဲစခန်းမှ ရဲတပ်ကြပ်ကြီး( ဂတ်စာရေး) ဦးဟန်ဇော်မှ အဆိုပါ ဖြစ်စဉ်အား အတည်ပြုပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီက ဖြစ်ပွားခဲ့သည်ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ အဓမ္မပြုကျင့်ခံရသူ မိန်းခလေးရဲ့ မိခင်ဖြစ်သူ ဒေါ်ယဉ်နုက တရားလိုလုပ်ပြီး တိုင်ကြားတဲ့ အတွက် ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပါတယ်။ အခုတော့အတိုင်ခံရသူကို ဖမ်းဆီးပြီး စစ်ဆေးနေပါတယ်” ဟု ရဲတပ်ကြပ်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

တိုင်ကြားချက်အရ အဓမ္မ ပြုကျင့်သူမှာ အောင်တင်မိုး (၃၇)နှစ် ဖြစ်ပြီး သူ၏ နေရပ်ဇာတိမှာ ပဲခူတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရွာသစ်ကျေးရွာမှ ဖြစ်ကြောင်း၊ အဆိုပါ ဒေသတွင် လာရောက်ပြီး အုတ်ဖုတ်လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်ကြောင်းသူက ပြောဆိုသည်။

အဆိုပါ မိန်းခလေးမှာ (ဘ)ဦးမောင်ကျန်လူ (မိ) ဒေါ်ယဉ်နုတို့ ၏သမီး ---- (၂၁နှစ်)ဖြစ်ပြီး အိမ်တွင် ရှိနေစဉ် အောင်တင်မိုးမှ အဓမ္မပြုကျင့်သွားခြင်း ဖြစ်ကြောင်း စွပ်စွဲခံထားရသည်ဟု ဆိုသည်။

“ မနက်ဖြန်တော့ တရားရုံးတင်မှာ ဖြစ်ပါတယ်။ အခုတော့ ရဲစခန်းမှာ အမှုမှန် ပေါ်ပေါက်ရေးအတွက် စစ်ဆေးနေပါတယ်” ဟု ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူမြို့နယ်တွင် အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ  ကျောက်ဖြူမြို့နယ်တွင် အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.