တာချီလိတ်မြို့နယ်၊ ရန်ရှင်း(၄)ကျေးရွာမှာ မိမိကိုယ်မိမိ တူမီးသေနတ်နဲ့ ပစ်ခတ်မှုဖြစ်


တာချီလိတ်၊ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုး ကျေးရွာအုပ်စု ရန်ရှင်း(၄)ကျေးရွာနေ မောင်ဆေသ (၂၃) နှစ်က ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၇)ရက်နေ့ နံနက်(၈) နာရီအချိန်ခန့်က ဖခင်ဖြစ်သူ ဦးကျလော နဲ့အတူ ရွာကနေ (၈)မိုင်ခန့် ဝေးတဲ့ တောင်ယာကို သွားရောက်လုပ်ကိုင်ခဲ့ရာ နံနက် ၁၁ နာရီအချိန်ခန့်က ဖခင်ဖြစ်သူ အား တောင်ယာ တွင်ထားကာ တောင်ယာ တဲရှိရာကို သွားရောက် အနားယူနေခဲ့ပြီးနောက် (၁၀)မိနစ်ခန့်အကြာမှာ တောင်ယာ တဲမှ တူမီးသေနတ်သံကြားသဖြင့် ဖခင်ဖြစ်သူ မှ သွားရောက်ကြည့်ရှုရာ မောင်ဆေသ မှာ တူမီးသေနတ်ပြောင်းကို ပါးစပ်မှာ တပ်လျက် ထိုင်နေတဲ့ အနေအထားနဲ့ မိမိကိုယ်ကိုပစ်ခတ်ထားတဲ့ အနေ အထား ကိုတွေ့ရှိရလို့ ဖခင်ဖြစ်သူ ဦးကျလောမှ တာချီလိတ်ခရိုင်ပြည်သူ့ ဆေးရုံကို ပို့ဆောင် ကုသ စေခဲ့တယ်လို့ သိရပါတယ်။


ယခု မိမိကိုယ်ကို တူမီးသေနတ်ဖြင့် ပစ်ခတ်သူ မောင်ဆေသ (၂၃)နှစ်ကို တာချီလိတ် မြို့မရဲစခန်းမှ (ပ) ၄၈/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၇ အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - မိုင်းကိုးထွေ/အုပ်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာချီလိတ်မြို့နယ်၊ ရန်ရှင်း(၄)ကျေးရွာမှာ မိမိကိုယ်မိမိ တူမီးသေနတ်နဲ့ ပစ်ခတ်မှုဖြစ် တာချီလိတ်မြို့နယ်၊ ရန်ရှင်း(၄)ကျေးရွာမှာ မိမိကိုယ်မိမိ တူမီးသေနတ်နဲ့ ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 10:41 Rating: 5
Powered by Blogger.