မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ဓါးပြတိုက်၊ လုယက်မှုများကြောင့် လူနည်းစု တောင်ပေါ်သားများ လုံခြုံရာသို့ထွက်ပြေးတိမ်းရှောင်

( ဘင်္ဂလာက လာသော သတင်းများတွင် ဖော်ပြကြသည့် ကျေးရွာများကို စွန့်ပစ် ထွက်ပြေးလာကြသော လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ ဓာတ်ပုံများ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် လက်နက်ကိုင်အဖွဲ့ဝင် များမှ ဒေသခံ လူနည်းစု တောင်ပေါ် တိုင်းရင်းသားများ အပေါ် ဓါးပြတိုက် လုယက်မှုများ တိုးပွားလာနေသဖြင့် အခုအခါ နေရပ်ကို စွန့်ခွာပြီး လုံခြုံရာသို့ ထွက်ပြေး နေကြရကြောင်း နိရဉ္စရာမှ သတင်းရရှိသည်။


Cox’sbazar.com ၏ ဘင်္ဂလီဘာသဖြင့် ရေးသားဖော်ပြသည့် নাইক্ষ্যংছড়িতে ডাকাতের আতঙ্কে ঘরছাড়া উপজাতি চাকপাড়ার বাসিন্দারা တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီ မြို့နယ် သက်ကိုင်းညာကျေးရွာမှ မိသားစု ၇ စုသည် သူတို့ရွာအား ဓါးပြတိုက် ခြိမ်းခြောက် မှုကြောင့် လုံခြုံရေး ကောင်းမွန်သည့် နတ်ကျောက်ဆရီမြို့ မိုဒင်းပါရာ (ရခိုင်အခေါ် အလယ်ရွာ) သို့ ထွက်ပြေးခဲ့ရပြီး ယခုအခါ အစိုးရကျောင်းတွင် ခိုလုံနေကြရသည်။

ထွက်ပြေးခိုလုံလာကြသည့် မိသားစု ၇ စုမှာ သက်လူမျိုးများ ဖြစ်ကြီပြီး ထို မိသားစု ၇ စု အထဲတွင် ပါဝင်သူ မိသားစုများမှာ ဦးမောင်မောင်- ဒေါ်မယဉ်မိသားစု၊ ဦးသာလှထွန်း- ဒေါ်ဦးစိန် မိသားစု၊ ဦးကျော်လှစိန်- ဒေါ်အေးမစိန် မိသားစု၊ ဦးထွန်းသာဖြူ- ဒေါ်မသာစိန် မိသားစု၊ ဦးစိန်ထွန်း- ဒေါ်လှနီခိုင်မိသားစုတို့ ပါဝင်ကြသည်ဟု သတင်းတွင် ရေးသားဖော်ပြသည်။

သူတို့မှာ ရခိုင်မျိုးနွယ်စုဝင် သက်လူမျိုးများ ဖြစ်ကြပြီး သူတို့၏ နာမည်ကို ရခိုင်လို မှည့်ခေါ်ကြသည်ဟု သိရသည်။

၎င်းတို့သည် သက်ကိုင်းညှာရွာတွင် ဘိုးစဉ် ဘောက်ဆက် နေထိုင်လာကြသည့် မိသားစုများဖြစ်ကြပြီး ငှက်ပျော စိုက်ပျိုးခြင်း၊ တောင်ယာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်းပြုကြသူများ ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြသည်။


ဖေဖော်ဝါရီ ၁၅ ရက်နေ့က အင်အား ၁၀ ယောက်ကနေ ၁၃ ယောက်ခန့်ပါဝင်သော မူဆလင် လက်နက်ကိုင် အဖွဲ့တစ်ခုမှ ရွာထဲသို့ ၀င်လာပြီး ခြိမ်းခြောက်ရာမှ ကြောက်လန့်ပြီး ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သတင်းက ဆိုသည်။

မြန်မာနယ်စပ်အနီးရှိ နတ်ကျောက်ဆရီနှင့် အိုကီးယား မြို့နယ်တို့ရှိ တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် လူနည်းစု ဗုဒ္ဓဘာသာဝင်များမှာ နေ၀င်လျှင် ကြောက်လန့် နေကြရပြီး မကြာခဏ ဓါးပြတိုက်မှုများ၊ လုယက်မှုများ၊ ခြိမ်းခြောက်မှုများ ပေါ်ပေါက်နေကြောင်း သိရှိရသည်။

နတ်ကျောက်ဆရီမြို့နှင့် မရှက်ချောင်းဒေသအကြားတွင် အခြေအနေပိုဆိုးနေပြီး လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မကြာခဏ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများကို ကျူးလွန်နေကြသည်ဟု ဆိုသည်။

ယခုလို ဖြစ်လာခြင်းမှာ မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုးများ ဘင်္ဂလာဒေ့ရှ်သို့ ထွက်ပြေးလာပြီးနောက်ပိုင်းတွင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်ပြီး နယ်စပ်နေ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သူတို့၏ လုံခြုံရေးကို အထူးစိုးရိမ်မှုများ တိုးပွားနေကြောင်း၊ ရွာတိုင်းတွင် ကင်းစောင့်နေရကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ဓါးပြတိုက်၊ လုယက်မှုများကြောင့် လူနည်းစု တောင်ပေါ်သားများ လုံခြုံရာသို့ထွက်ပြေးတိမ်းရှောင် မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ဓါးပြတိုက်၊ လုယက်မှုများကြောင့် လူနည်းစု တောင်ပေါ်သားများ လုံခြုံရာသို့ထွက်ပြေးတိမ်းရှောင် Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.