ဘေးမဲ့တိရစ္ဆာန် အမဲလိုက်မှုနဲ့ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ အဖမ်းခံရ

 ကန်ချနဘူရီပြည်နယ်က ဘေးမဲ့တောတခုမှာ မစ္စတာ ကာနက်ဆူတာနဲ့ အတူ နောက်လူ၃ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲကပြော
ထိုင်းနိုင်ငံမှာ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီကြီးတခု ဖြစ်တဲ့ Italian-Thai Development ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်သူကို ဘေးမဲ့ တောရိုင်း တိရစ္ဆာန် တောတခုမှာ အမဲလိုက်ခဲ့မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

Thungyai Naresuan ဘေးမဲ့တောမှာ တိရစ္ဆာန် အရေခွံတွေ၊ အမဲလိုက် ပစ္စည်းတွေနဲ့ အတူ Premchai Karnasuta ကို ဖမ်းဆီးမိခဲ့တဲ့ ဓါတ်ပုံတွေကို သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ထုတ်ပြန်လိုက်ပါတယ်။

မစ္စတာ ကာနက်ဆူတာရဲ့ ယာယီစခန်းမှာ ကျားသစ်နက်တကောင်အပါအဝင် မျိုးမတုံးဖို့ တားမြစ်ထားတဲ့ တိရစ္ဆာန် မျိုးစု အတော်များများရဲ့ ရုပ်အကြွင်းအကျန်တွေကို တွေ့ရတယ်လို့ ဘေးမဲ့တော တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

Italian-Thai Development ကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး အခြေခံ အဆောက်အအုံ စီမံကိန်းတချို့ ဆောက်လုပ်ရာမှာ ကူညီခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

သူ့ကို တခြား လူ၃ဦးနဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်ပြီး သူတို့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တာအပေါ် ဒေသခံ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေက ချီးကျူးခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘေးမဲ့တိရစ္ဆာန် အမဲလိုက်မှုနဲ့ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ အဖမ်းခံရ ဘေးမဲ့တိရစ္ဆာန် အမဲလိုက်မှုနဲ့ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ အဖမ်းခံရ Reviewed by THITHTOOLWIN on 08:08 Rating: 5
Powered by Blogger.