ဘုတ်ပြင်းမြို့နယ်၌ မိကျောင်းဆွဲ၍ ရွာသား ၁ ဦး ပျောက်ဆုံး


တနင်္သာရီိတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ရွာသစ်ကျေးရွာ ပန်းပုံချောင်း ဒီရေတောကမ်းစပ်၌  ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့ လည် ၂ နာရီခန့် တွင် မီးသွေးဖုတ်ရန် လမုပင်များအား ခုတ်လှဲဖြတ်တောက်နေသူ တစ်ဦးအား မိကျောင်း ၁ ကောင်မှ အမြီးဖြင့်ရိုက်ချပြီး ရေထဲသို့ ကိုက်ချီဆွဲချမှုကြောင့် ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၀၂၀၀ အချိန်တွင် ဘုတ်ပြင်းမြို့နယ် ရွာသစ်ကျေးရွာ ပန်းပုံချောင်း ဒီရေတောကမ်းစပ်၌ ၎င်းကျေးရွာနေ ဦးတင်ထွန်း(၃၇)နှစ် ပါ မိသားစုဝင် ၆ ဦးတို့သည် မီးသွေးဖုတ်ရန် လမုပင်များအား ခုတ်လှဲဖြတ်တောက်နေစဉ် အရှည်(၁၀)တောင်ခန့်ရှိ မိကျောင်း ၁ ကောင်မှ ဦးတင်ထွန်းအား အမြီးဖြင့်ရိုက်ချပြီး ရေထဲသို့ကိုက်ချီဆွဲချမှုကြောင့် ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိကြောင်းနှင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
ဘုတ်ပြင်းမြို့နယ်၌ မိကျောင်းဆွဲ၍ ရွာသား ၁ ဦး ပျောက်ဆုံး ဘုတ်ပြင်းမြို့နယ်၌ မိကျောင်းဆွဲ၍ ရွာသား ၁ ဦး ပျောက်ဆုံး Reviewed by THITHTOOLWIN on 14:00 Rating: 5
Powered by Blogger.