မူဆယ်မြို့၌ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမျိုးသား ၁ ဦး အလောင်း တွေ့ရှိ


ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့  မြန်မာ-တရုတ် နှစ် နိုင်ငံ နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း ရွှေလီမြစ်ကမ်းဘေး တော်ရွက်လှေဆိပ်သဲသောင်ပြင်၌ လက်ပြန်ကြိုးတုပ်ပြီး မျက်နှာနှင့် ပါးစပ်တို့ အား အနီရောင် ပိတ်စဖြင့် စည်းထားကာ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမျိုးသား ၁ ဦးအလောင်း ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့် က တွေ့ ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ ယနေ့ သတင်းထုတ်ပြန်မှုအရ သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၁၇၀၀ အချိန် မူဆယ်မြို့ မြန်မာ-တရုတ်နှစ် နိုင်ငံ နယ်စပ် မြန်မာနိုင်ငံဘက်ခြမ်း ရွှေလီမြစ်ကမ်းဘေး တော်ရွက်လှေဆိပ်သဲသောင်ပြင်၌ ဦးအောင်ဆန်း (၅၅)နှစ် သည် မိသားစုနှင့် လမ်းလျှောက်နေစဉ် သောင်ပြင်ပေါ်၌ ဆာလာအိတ်ဖြင့် ထုပ်ထားသော အထုပ် ၁ ထုပ်အား တွေ့ရှိသဖြင့် သွားရောက်ကြည့်ရှုရာ ပုပ်စော်နံပြီး ခြေထောက် ၂ ချောင်းအိတ် အပြင်သို့ ထွက်နေကြောင်း သတင်းပေးပို့မှုအရ မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေး ခဲ့ပါသည်။

စစ်ဆေးချက်အရ ဆာလာအိတ်အတွင်း ကျောက်တုံး ၁ တုံးထည့်လျက် အသက်(၂၅)နှစ်ခန့် အမျိုးသားအလောင်း ၁ လောင်းအား လက်ပြန်ကြိုးတုပ်ပြီး မျက်နှာနှင့် ပါးစပ်တို့အား အနီရောင် ပိတ်စဖြင့် စည်းထားကာ လည်ပင်းတွင် ၄ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့်အတူ ပုပ်ပွနေသည် ကို တွေ့ရှိသဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
မူဆယ်မြို့၌ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမျိုးသား ၁ ဦး အလောင်း တွေ့ရှိ မူဆယ်မြို့၌ ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမျိုးသား ၁ ဦး အလောင်း တွေ့ရှိ Reviewed by THITHTOOLWIN on 13:48 Rating: 5
Powered by Blogger.