ကံမမြို့နယ်တွင် ၁၄ နှစ်ရွယ် မိန်းကလေးအား ဦးလေး တစ်ဝမ်းကွဲတော်စပ်သူမှ အဓမ္မပြုကျင့်မှု ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုင်ကြား

အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ၁၄ နှစ်ရွယ် မိန်းကလေးအား ဦးလေး တစ်ဝမ်းကွဲ တော်စပ်သူမှ အဓမ္မ ပြုကျင့်ခဲ့မှုကို ဖေဖော်ဝါရီ ၂၆ ရက်တွင် ကံမမြို့မ ရဲစခန်း၌ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်က အဓမ္မပြုကျင့်ခံရသူ မိန်းကလေးငယ်၏ မိခင်မှာ စွန့်ပစ်ပလပ်စတစ်ကော်ဗူးခွံများ ကောက်ပြီး ပြန်လာစဉ် သမီးဖြစ်သူ၏ မိန်းမကိုယ်နာကျင်နေကြောင်း ပြောရာမှ မေးမြန်းရာတွင် အဓမ္မပြုကျင့် ခံရသည်ဟု သိရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
“စစ်ဆေးမှုတွေအရ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက မိဘတွေ နေအိမ်မှာ မရှိခိုက် ၅ ကြိမ်လောက် သား မယားပြုကျင့်တာတွေလည်းရှိတယ်လို့ သိရတယ်။ လောလောဆယ်တော့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ် နေပါတယ်။”ဟု ကံမမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

အဓမ္မပြုကျင့်သည့် ဦးလေး တစ်ဝမ်းကွဲ တော်စပ်သူ ဦးစန်းဝင်းမှာ တစ်ရပ်ကွက်တည်း အတူနေသူဖြစ်ပြီး မိန်းကလေးအား ဓမ္မတာအတိုင်းနှင့် ဓမ္မတာအတိုင်း မဟုတ်သည့် နည်းလမ်းများဖြင့်ပါ အဓမ္မပြုကျင့်မှုများ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ အဓမ္မပြုကျင့်သည့် ဦးစန်းဝင်း (၅၅)နှစ်အား (ပ) ၁၄ /၂၀၁၈ ရာဇတ်သတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆၊ ၃၇၇ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားပြီး စစ်ဆေးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကံမမြို့နယ်တွင် ၁၄ နှစ်ရွယ် မိန်းကလေးအား ဦးလေး တစ်ဝမ်းကွဲတော်စပ်သူမှ အဓမ္မပြုကျင့်မှု ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုင်ကြား ကံမမြို့နယ်တွင် ၁၄ နှစ်ရွယ် မိန်းကလေးအား ဦးလေး တစ်ဝမ်းကွဲတော်စပ်သူမှ အဓမ္မပြုကျင့်မှု ဖေဖော်ဝါရီ ၂၆ ရက်တွင် တိုင်ကြား Reviewed by THITHTOOLWIN on 10:37 Rating: 5
Powered by Blogger.