ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်အားရစ်(ခ်)တာစကေး ၄.၀အဆင့်ရှိ ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှု တိုင်းတာပြမြေပုံအားတွေ့ရစဉ်(ဓာတ်ပုံ- မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
 ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

    ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့ နေလည်  ၃နာရီ ၁၂မိနစ်ကျော်တွင် အင်အားရစ်(ခ်)တာစကေး ၄.၀အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၁၂)မိနစ်၊ (၀၅)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၃၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒေးဒရဲမြို့၏ အရှေ့ဘက် (၁၂)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆.၄၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၆ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်ငယ်လှုပ်ခတ်မှုကို ရန်ကုန်မြို့တွင်းရှိ ဗိုလ်တထောင်၊ တာမွေ၊ တောင်ဥက္ကလာပစသည့် မြို့နယ်များက ခံစားရမိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်အားရစ်(ခ်)တာစကေး ၄.၀အဆင့်ရှိ ငလျင်လှုပ်ခတ် ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်အားရစ်(ခ်)တာစကေး ၄.၀အဆင့်ရှိ ငလျင်လှုပ်ခတ် Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.