အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့  ရောက်ရှိလာ

မြောက်ကိုရီးယားနိုင်ငံ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကင်ယုံချိုလ်( Kim Yong Chol) အား တွေ့ ရစဉ်(ဆင်ဟွာ)
ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တစ်ခုသည် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အား မြောက်ကိုရီးယားနိုင်ငံ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ကင်ယုံချိုလ်( Kim Yong Chol) က ဦးဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ၊ ၄င်းသည် တောင်ကိုရီးယားနိုင်ငံ အရှေ့ ပိုင်း ပြုံချန်းမြို့ ၌ ကျင်းပလျက်ရှိသည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ၏ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံ၌ ၃ ရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့  ရောက်ရှိလာ အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် မြောက်ကိုရီးယားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားသို့  ရောက်ရှိလာ Reviewed by THITHTOOLWIN on 13:16 Rating: 5
Powered by Blogger.