သတင်းသမားတွေ ဖမ်းဆီးခံနေရတဲ့အပေါ် PCMJ လှုပ်ရှားမှုပြုလုပ်

ရိုက်တာသတင်းသမားနှစ်ယောက်ကို လွှတ်ပေးဖို့ PCMJ အဖွဲ့က ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က တောင်းဆိုခဲ့စဉ်
သတင်းမီဒီယာလွတ်လပ်ခွင့် ပျောက်ဆုံးနေတဲ့အတွက် ပြည်သူလူထု သတင်းသိရှိပိုင်ခွင့် ဆုံးရှုံးနေရတာတွေ ကို ပြည်သူတွေ ပိုမိုသိရှိစေဖို့ မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ PCMJ အဖွဲ့က ဒီကနေ့ လက်ကမ်းစာစောင်တွေ၊ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတွေကို ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ပါတယ်။

သတင်းထောက်တွေ ဖမ်းဆီးခံနေရတဲ့အတွက် သတင်းလွတ်လပ်ခွင့် ဆုံးရှုံစေပြီး ပြည်သူလူထုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို သိစေချင်လို့ ပြုလုပ်တာ ဖြစ်တယ်လို့ PCMJ က ကိုသာလွန်ဇောင်းထက် က ပြောပါတယ်။

အဲဒီလှုပ်ရှားမှုတွေကို အဆက်မပြတ်ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့ လှုပ်ရှားမှုကို မရမ်းကုန်းမြို့နယ် လှည်းတန်းစင်တာအနီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးဖမ်းဆီးခံရပြီးနောက်ပိုင်း PCMJ အဖွဲ့က ရန်ကုန်မြို့မှာ ၂ ကြိမ်၊ ပြည်မြို့မှာ တစ်ကြိမ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ နဲ့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

သတင်းသမားတွေ ဖမ်းဆီးခံနေရတဲ့အပေါ် PCMJ လှုပ်ရှားမှုပြုလုပ် သတင်းသမားတွေ ဖမ်းဆီးခံနေရတဲ့အပေါ် PCMJ လှုပ်ရှားမှုပြုလုပ် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.