အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဆန္ဒပြကန့်ကွက်

မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ပြည်သူ ၁၀၀ ကျော် ဆန္ဒဖော်ထုတ်စဉ်/ Photo: Khay Mani Win/RFA
မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်က ဒီနေ့ မနော်ရမံကွင်းမှာ ဆန္ဒပြကန့်ကွက်ကြပါတယ်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးစေချင်လို့ ဆန္ဒပြတာဖြစ်တယ်လို့ ရဲမွန်တောင်ရပ်ကွက် ရပ်မိရပ်ဖ ဦးမြအောင်က ပြောပါတယ်။

ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး မဲမသမာမှုရှိတာတွေကို မှန်မှန်ကန်ကန် စစ်ဆေးအရေးယူပေးဖို့ မန္တလေးတိုင်း ၀န်ကြီးချုပ်ထံ တိုင်စာပေးပို့ ထားတယ်လို့ သိရပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွေကို ကြီးကြပ်မယ့် ကြီးကြပ်ရေးမှူး ၅ ဦး ရွေးချယ်ပွဲတွေကို လတ်တလောမှာ ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီကြီးကြပ်ရေးမှူးရွေးချယ်ပွဲတွေကို တချို့ရပ်ကွက်ကျေးရွာတွေမှာ ကန့်ကွက်ဆန္ဒပြတာတွေ ရှိနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဆန္ဒပြကန့်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ဆန္ဒပြကန့်ကွက် Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.