တရုတ်မျိုးဆက်သစ်တွေကို လိင်ပညာပေးသူ

တရုတ်မျိုးဆက်သစ်တွေကို လိင်အကြောင်းသင်ပေးသူ ဂျပန်အပြာရုပ်ရှင် သရုပ်ဆောင်
တရုတ်မျိုးဆက်သစ်တွေကို လိင်အကြောင်းသင်ပေးသူ သရုပ်ဆောင် ဆိုရာအွိုင်း ဟာ ဂျပန်အပြာရုပ်ရှင်သရုပ်ဆောင် တယောက်ပါ။

အခုအခါ သူက တရုတ်မျိုးဆက်သစ်တွေကို လိင်အကြောင်း သင်ကြားပေးနေပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ အင်တာနက်သုံးစွဲသူ တရုတ်လူငယ်တွေကြားထဲ အံ့မခန်းအောင် ထင်ရှားတဲ့ သရုပ်ဆောင်တဦးဖြစ်လို့ပါ။

 စေ့စပ်လက်စွပ်ပုံကို လူမှုကွန်ယက် မီဒီယာပေါ်မှာ တင်
တခုသော နှစ်သစ်ကူးနေ့မှာ မစ္စအွိုင်း ဟာ သူ့ရဲ့ စေ့စပ်လက်စွပ်ပုံကို လူမှုကွန်ယက် မီဒီယာပေါ်မှာ တင်ပြီး သူလက်ထပ်တော့မယ် ဆိုတာကို ပရိသတ်ကို အသိပေးခဲ့ပါတယ်။

လေးဆယ့်ရှစ်နာရီအတွင်း အဲဒီပို့စ်ကို ကွန်မန့်ပေါင်း ၁၇၀,ဝ၀ဝ နဲ့ like ပေါင်း ရှစ်သိန်းကျော် Weibo မှာ ပေးကြပါတယ်။

Weibo ဆိုတာဟာ တရုတ်ပြည်မှာ တွစ်တာလို ခေတ်စားနေတဲ့ ဆိုရှယ်မီဒီယာ တခုပါ။

ကျွန်တော် တို့က ခင်ဗျားရဲ့ ရုပ်ရှင်တွေနဲ့ ကြီးပြင်းလာတာပါ ။ ဒါကြောင့် ခင်ဗျားကို အမြဲထောက်ခံနေ ပါတယ်လို့ သူ့ရဲ့ ပရိသတ် တယောက်က လာရေးခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို ပျော်ရွှင်ပါစေ ဆရာမ ဆိုပြီး လာဆုတောင်းပေးခဲ့သူတွေလည်း ရှိပါတယ်။

မစ္စအွိုင်းဟာ ဒီအလုပ်ကို ၂၀ဝ၀ ပြည့်နှစ်မှာ စလုပ်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူတွေပဲ ကြည့်သင့်တဲ့ အပြာကား ကိုးဆယ်ကျော်ထက် မနည်း ရိုက်ကူးခဲ့ပါတယ်။

ဒါ့အပြင် ၂၀ဝ၃ နဲ့ ၂၀ဝ၅ ခုနှစ် အတွင်းမှာတော့ စာအုပ်တွေထုတ်ခဲ့ပါသေးတယ်။

ညစ်ညမ်းရုပ်ရှင် အပြာကားတွေဟာ တရုတ်ပြည်မှာ တရားမဝင်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ကားတွေကိုတော့ ပိတ်ပင်ဖို့ ခက်ခဲခဲ့ပါတယ်။

တရုတ်အမျိုးသား တော်တော်များများဟာ သူတို့မြီးကောင်ပေါက် အရွယ်ကတည်းက သင့်တော်တဲ့ လိင်ပညာပေးမရှိခဲ့တာကြောင့် အွိုင်းဟာ သူတို့ရဲ့ ဆရာမ ဖြစ်လာခဲ့တယ်လို့ အသက်၂၇ နှစ်အရွယ် လျူ က ဘီဘီစီကိုပြောခဲ့ပါတယ်။

မစ္စအွိုင်းဟာ တရုတ်ပြည်ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ကျော်ကြားမှု အရှိန်အဟုန် မြင့်နေတုန်း သူ လက်ထပ်တော့မယ်ဆိုတာ Weibo မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

လျူဟာ မစ္စအွိုင်ရဲ့ ဗီဒီယိုဖိုင်တွေကို အထက်တန်းကျောင်းသား ဘဝကတည်းက သူငယ်ချင်းတွေနဲ့ MP 4 ထဲ ထည့်ပြီး အတူတူ ကြည့်ခဲ့သူပါ။
တရုတ်စာ သင်တဲ့ အပြာ မင်းသမီး
ဒါပေမယ့် နည်းပညာတွေ တိုးတက်လာတဲ့ချိန်မှာတော့ သူတို့ဟာ ဝက်ဆိုက်တွေပေါ်ကနေ ဒီအပြာရုပ်ရှင်တွေကို ကြည့်လာနိုင်ပြီ ဖြစ်ပါတယ်။

ပိုလွယ်လာတယ်လို့ လျူက ဆိုပါတယ်။

တရုတ်ပြည်မှာတော့ ဒီအပြာကားတွေဟာ လူငယ်တွေကို လိင်ပညာပေးဖို့ အဓိက သတင်းအရင်းအမြစ်ပါပဲ။

ဘာလို့လဲဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ကျောင်းတွေမှာ ယဉ်ကျေးမှုအရ ကန့်သတ်ထားတာကြောင့် ဖြစ်ပါတယ်။

တရုတ်မိဘတွေက ဒီလိင်မှုကိစ္စဆိုတာကို မိမိတို့ ကလေးတွေကို အသိပေးဖို့ဆိုတာ ရှက်စရာကောင်းတဲ့ အရာလို့ ခံယူထားလို့ဖြစ်ပါတယ်။

၂၀ဝ၉ ခုနှစ်က ပီကင်းတက္ကသိုလ်က အသက် ၁၅ နှစ်ကနေ ၂၄ နှစ်ကြား လူနှစ်သောင်းကျော်ကို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး မေးခွန်း သုံးခုကို မေးရာမှာ ၄.၄ ရာခိုင်နှုန်းသာ မေးခွန်းအားလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်တမ်းကောက်ယူသူတွေက လူငယ် အများအပြားဟာ လိင်ပညာပေးကို သူတို့ဘာသာပဲ သင်ယူနေကြတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ်မျိုးဆက်သစ်တွေကို လိင်ပညာပေးသူ တရုတ်မျိုးဆက်သစ်တွေကို လိင်ပညာပေးသူ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.