မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင်ကွယ်လွန်


မြစ်ကြီးနား၊ ဇန်န၀ါရီ ၃၁

နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် မြစ်ကြီးနားမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင် အသက် (၆၃)နှစ် သည် ဇန်န၀ါရီလ ၃၁ ရက်ညနေ ၇ နာရီခွဲအချိန်ခန့်က ခရစ် တော်ထံပါး အိပ်ပျော်သွားကြောင်း ဖားကန့်မြို့နယ်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုထံမှ သတင်းရရှိသည်။

ဒေါ်ရှီလာနန်တောင်သည် ကျောက်ကပ်နှင့် ဆီးချိုဝေဒနာကြောင့် လွန်ခဲ့သည့် သုံးလခန့်ကတည်းက နေပြည်တော်တွင် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရကြောင်းသိရသည်။

၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်ပြီး မြစ်ကြီးနားတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ အငြိမ်းစား ပါမောက္ခတစ်ဦးလည်းဖြစ်သည်။

ဇော်နိုင်ဦး
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင်ကွယ်လွန် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီလာနန်တောင်ကွယ်လွန် Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.