ညောင်လေးပင်၌ ဆီဘောက်ဆာယာဉ်နှင့် အိမ်စီးကားတိုက်မိ


ညောင်လေးပင် ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ စံဖဲကျေးရွာတံတား ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၉၄/၇)နှင့် (၉၅/ဝ)အကြား၌ ယနေ့ နံနက် ၄ နာရီက ယာဉ် တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ဦးခွန်အောင် (၄၅နှစ်) ညောင်ဖြူစခန်းရပ်ကွက် တောင်ကြီးမြို့နေသူမောင်းနှင်ပြီး ရန်နိုင်စိုး(၂၉နှစ်) ဝါးပြားရပ်ကွက် တောင်ကြီးမြို့နေသူလိုက်ပါလာ သည့် fh II/------ FOSO အဖြူရောင် ၁၂ ဘီး ဆီဘောက်ဆာယာဉ် မောင်းနှင်သော လမ်းကြောင်း အတွင်း မျက်နှာချင်းဆိုင် မန္တလေး ဘက်မှ ရန်ကုန်ဘက်သို့ အောင် ပြည့်စုံ(ခ)အောင်အောင်(၃ဝနှစ်) အောင်ဆန်းရပ်ကွက် အင်းစိန်မြို့ နေသူတစ်ဦးတည်းမောင်းနှင်လာ သည့် 2G/------ COLDINA အနက်ရောင်အိမ်စီးယာဉ်မှ လမ်း လယ်မျဉ်း၏ တစ်ဖက်ယာဉ်ကြော သုံးပေခန့်ဝင်ရောက်ကာဆီဘောက် ဆာယာဉ်၏ ရှေ့ဝဲဘက်ခြမ်းကို တိုက်မိ၍ တံတားညာဘက်ခြမ်း သို့ ခေါင်းတည်ရပ်တန့်သွားခဲ့ သည်။

ယာဉ်တိုက်မှုကြောင့်ဆီဘောက် ဆာယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့တွင် ဒဏ်ရာရရှိခြင်းမရှိဘဲ အောင်ပြည့်စုံ(ခ)အောင်အောင်တွင် ဝဲဘက်လက်ဆစ်ပေါက်ပြဲဒဏ်ရာ၊ ယာခါးစောင်းပွန်းပဲ့ဒဏ်ရာ၊ ရင် ဘတ်အောင့်ဒဏ်ရာများရရှိပြီး ပြွန်တန်ဆာတိုက်နယ်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် ကုသ လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြွန် တန်ဆာနယ်မြေရဲစခန်းမှ တစ် ဖက်ယာဉ်ကြောသို့ ဝင်ရောက် တိုက်မိသူ အောင်ပြည့်စုံ(ခ)အောင် အောင်အား ယာဉ်(ပ)၂/၂ဝ၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကြောင်း သိရသည်။

ကိုထွေး(ညောင်လေးပင်)
The Union Daily
https://www.facebook.com/uniondaily.net

ညောင်လေးပင်၌ ဆီဘောက်ဆာယာဉ်နှင့် အိမ်စီးကားတိုက်မိ ညောင်လေးပင်၌ ဆီဘောက်ဆာယာဉ်နှင့် အိမ်စီးကားတိုက်မိ Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.