တောင်ကိုရီးယားရဲ့ သေဆုံးမှု အများဆုံး မီးလောင်မှု

 ဆေးရုံမီးကြောင့် လူတဒါဇင်သေဆုံး
Sejong ဆေးရုံရဲ့ အရေးပေါ်အခန်းမှာ အထူးကုဆရာဝန်တွေ နှလုံးရောဂါ ကုထုံး တခုလုပ်ဆောင်နေတုန်း စတင် လောင်ကျွမ်းခဲ့ပါတယ်။

အဲဒီ အချိန်တွင်း လူနာပေါင်း၂၀ဝ လောက် ဆေးရုံအဆောက်အအုံ နဲ့ ကပ်လျက် ရှိတဲ့ ကုသဆောင် အတွင်းမှာ ရှိနေပြီး လူတော်တော်များများကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနိုင်ခဲ့ပါတယ်။

ဒါဟာ တောင်ကိုရီးယားရဲ့ ဆယ်စုနှစ်အတွင်း သေဆုံးမှု အများဆုံး မီးလောင်မှုပါပဲ။

မီးသတ်သမားတွေက Yonhap သတင်းအေဂျင်စီကို ပြောချက်အရ သေဆုံးသူတွေဟာ မီးခိုးငွေ့ရှူရှိုက်မိပြီး သေဆုံးကြရတာလို့ ဆိုပါတယ်။

လူအများအပြား ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် အခြေအနေတရပ် ဖြစ်တယ်လို့ ရေးသားထားကြပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေက ဆေးရုံနဲ့ ကုသဆောင်တွေကနေ လာပြီး တချို့ကတော့ တခြားဆေးရုံကို ခေါ်သွားတဲ့ လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မီးသတ်ဌာန အကြီးအကဲ မစ္စတာချွိုင်က ဒီမီးက ကြာသပတေးနေ့ ခုနှစ်နာရီခွဲ အချိန်မှာ စလောင်ခဲ့ပြီး လောင်ချိန်ဟာ သုံးနာရီလောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

Yonhap သတင်းဌာနရဲ့ ဖော်ပြချက်အရ ကုသဆောင်ထဲက ၉၃ ယောက်ကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ် ဓာတ်ပုံမှာတော့ အဆောက်အဦကို မီးခိုးလုံးတွေ ဖုံးလွှမ်းနေတာ၊ လူနာတွေ ကယ်ဆယ်နေတာ တွေ့မြင်ရပါတယ်။

ကိုးရီးယားသမ္မတ မွန်းဂျေအင်းက အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး မီးဘေး ကယ်ဆယ်ရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

မာယမ်က တောင်ကိုးရီးယားမြို့တော် ဆိုးလ်နဲ့ ၁၆၈ မိုင်ဝေးပါတယ်။

အခုမီးလောင်ခဲ့တဲ့ ဆေးရုံဟာ ၂၀ဝ၈ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကုတင် ၂၀ဝဆန့် ဆေးရုံပဲ ဖြစ်ပါတယ်။

ပြည်နယ်အရာရှိတွေ အဆိုအရ ဆေးရုံဝန်ထမ်း ၃၅ ယောက်ဟာ အဲဒီဆေးရုံမှာ အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။

မကြာခင်က Jechon မြို့က လူထုအားကစားရုံမှာ မီးလောင်ကျွမ်းတာကြောင့် လူ ၂၉ယောက် သေဆုံးခဲ့ ဖူးပါတယ်။

BBC Burmese
http://www.bbc.com/burmese
တောင်ကိုရီးယားရဲ့ သေဆုံးမှု အများဆုံး မီးလောင်မှု တောင်ကိုရီးယားရဲ့ သေဆုံးမှု အများဆုံး မီးလောင်မှု Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.