ကား(၂)စီးကြားရောက်ရှိ ညှပ်မိရာက ယာဉ်မောင်းသေဆုံး


ပဲခူးတိုင်းဒေသကြီး ဆွာနယ်မြေရဲစခန်းအပိုင်မှာ ဇန်နဝါရီ(၂၅)ရက် ညနေ (၅)နာရီခန့်က ကား(၂)စီးကြားရောက်ရှိ ညှပ်မိရာက ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေးကားလမ်းဟောင်းမှာ ရေတာရှည်မြို့ဘက်ကနေ ဆွာမြို့ဘက်ကို မောင်းနှင်လာတဲ့ NISSAN DIESEL အနီရောင် (၁၂)ဘီးယာဉ်ကို ဆွာမြို့အဝင်အနီးမှာ ဖောကား (၆)ဘီးယာဉ်တစ်စီးက ကျော်တက်စဉ်(၁၂)ဘီးယာဉ်ရဲ့ နောက်ကြည့်မှန်ကို ပွတ်တိုက်သွားခဲ့တာကြောင့် ဖောကားယာဉ်ကို အမီလိုက်ခဲ့တယ်လို့ သိရပါတယ်။

 ဆွာမြို့ အ.ထ.ကရှေ့မှာ ဖောကားရပ်တန့်တာကို တွေ့လို့ (၁၂) ဘီးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ဟာ ဖောကားယာဉ်မောင်းဆီသွားစဉ် ဖောကားက မောင်းထွက်သွားပြီး ရပ်တန့်ထားခဲ့တဲ့(၁၂) ဘီးယာဉ်ကတော့ နောက်ပြန်လိမ့်ကျသွားခဲ့ပါတယ်။


 ယာဉ်မောင်းမှာ (၁၂) ဘီးယာဉ်ကို ထိန်းချုပ်ဖို့ ယာဉ်ပေါ် ပြန်တက်စဉ် အနီးကရပ်တန့်ထားတဲ့ SHN(၆)ဘီးအနီရောင်ယာဉ်နဲ့ (၁၂) ဘီးယာဉ်(၂)စီးကြား ရောက်ရှိညှပ်မိပြီး ဝမ်းဗိုက်ပေါက်ပြဲ နဲ့အခြားဒဏ်ရာတွေ ရရှိကာ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

 ဖြစ်စဉ်နဲ့ ပက်သက်ပြီး(၁၂)ဘီးယာဉ်မောင်းကို ဆွာနယ်မြေရဲစခန်းက ယာဉ်(ပ)၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-ကနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)က ပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb
ကား(၂)စီးကြားရောက်ရှိ ညှပ်မိရာက ယာဉ်မောင်းသေဆုံး ကား(၂)စီးကြားရောက်ရှိ ညှပ်မိရာက ယာဉ်မောင်းသေဆုံး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.