ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တိုက်မိ တစ်ဦးသေ ငါးဦးဒဏ်ရာရ


ရန်ကုန် ဇန်နဝါရီ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် (၅၆/ဝ) အင်ကုန်းရွာအနီးတွင် ဇန်န၀ါရီလ ၁၉ ရက်နေ့  ယမန်နေ့ နံနက် ၁၁နာရီက ရန်ကုန်-စစ်တွေ ကြံတိုင်းအောင် ခရီးသည်တင် ယာဉ်နှင့် ကိုယ်ပိုင်ယာဉ် စူဇူးကီး တိုက်မိပြီး တစ်ဦးသေ၊ ငါးဦးဒဏ် ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်လမ်း အတိုင်း တောင်မှမြောက်သို့(ရန် ကုန်ဘက်မှပြည်) ယာဉ်မောင်း ထက်လင်းအောင် (စုံစမ်းဆဲ ) မောင်းနှင်သော 4G/-------- ဟွန်ဒိုင်း ကြံတိုင်းအောင်ဖြူနီကျား ရန်ကုန်- စစ်တွေ ခရီးသည်တင်အငှားယာဉ် သည် မိုင်တိုင်အမှတ် (၅၆/ဝ)အင် ကုန်းရွာအနီးအရောက် တစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာမျက်နှာ ချင်းဆိုင်မှ ယာဉ်မောင်း ဦးအောင် ကြိုင် (၆ဝနှစ်) တောင်လည်ကျေး ရွာ ပေါက်ခေါင်းမြို့နေသူမောင်း နှင်သော 5I/------ SUZUKI CARY အဖြူရောင်ကိုယ်ပိုင်ယာဉ် နှင့်တိုက်မိပြီး4G/------- ယာဉ် မောင်းမှာ ယာဉ်ကို အခင်းဖြစ်ရာ တွင်ထားခဲ့ပြီး ထွက်ပြေးတိမ်း ရှောင်သွားသည်။

 5I/------ ယာဉ် မောင်းဦးအောင်ကြိုင်မှာ အခင်းဖြစ် နေရာတွင်သေဆုံးပြီး ယာဉ်ပေါ်ပါ ဒေါ်စန်းစန်းဝင်း၊ မထက်ထက်ပို၊ ကိုကျော်နိုင်ဝင်း၊ မခင်နှင်းဝေနှင့် ဒေါ်ကြည်အေးတို့တွင် ဒဏ်ရာများ ရရှိ၍ တိုက်ကြီးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသ ရသောကြောင့် ယာဉ်ကိုမဆင် မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်း ရှောင်သွားသော ယာဉ်မောင်း ထက်လင်းအောင်အား တိုက်ကြီး မြို့မရဲစခန်းမှ ယာဉ်(ပ)၃/၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃ဝ၄-က/၃၃၈/၂၇၉/၂ဝ၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ထွန်းလှိုင်(မြိုင်)
The Union Daily
https://www.facebook.com/uniondaily.net
ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တိုက်မိ တစ်ဦးသေ ငါးဦးဒဏ်ရာရ ရန်ကုန်-စစ်တွေ ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်တိုက်မိ တစ်ဦးသေ ငါးဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.