စပါးသယ်ဆောင်လာသော စက်လှေ နစ်မြုတ်မှုဖြစ်ပြီး လူတစ်ဦးပျောက်ဆုံး


ပုဏ္ဏားကျွန်း - ဇန်နဝါရီ ၂၀

မြောက်ဦးမြို့နယ် မီးကျောင်းသစ်ကျေးရွာမှ စပါးသယ်ဆောင်လာသော စက်လှေ (မော်တော်ဘုတ်)သည် ပုဏ္ဏားကျွန်းမြို့အနီး ကုလားတန် မြစ်ကမ်းခြေ အနီး၌ ဇန်နဝါရီ ၁၉ ရက်နံနက် ၁၀နာရီခွဲက နစ်မြုတ်မှုဖြစ် ခဲ့ကြောင်းသိရသည်။

 အဆိုပါ စက်လှေသည် မိမိလယ်မြေမှ ထွက်ရှိသော မိသားစုဝမ်းစာစပါး(၇၀၀)ကို မြောက်ဦးမြို့နယ် မီးကျောင်းသစ်ကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် (ခမီ)ဂန့်ဂါကြီးကျေးရွာသို့ သယ်ဆောင်လာရာ ပုဏ္ဏားကျွန်းမြို့ အနီး ကုလားတန်မြစ်ကမ်းတွင် နစ်မြုတ်သွားခြင်း ဖြစ်သည်။

စက်လှေပေါ်တွင်ပါလာသော လူ(၆)ဦးအနက် ၅ ဦးလွတ်မြောက်သွားပြီး ကျန်တစ်ဦးကို ယခုထိရှာ မတွေ့သေးကြောင်း ရေကူးလွတ် မြောက်လာသူ ဂန့်ဂါကြီးကျေးရွာမှ ကိုမောင်လှထွန်း ကပြောသည်။

ပျောက်ဆုံးနေသူ ကိုဗိုလ်ကျော်သန်း(၂၂)နှစ်အား ပုဏ္ဏားကျွန်းမြို့မှ ကြက်ခြေနီအသင်းနှင့် အနီးအနားကျေးရွာများမှ ဝိုင်းဝန်းရှာဖွေလျှက်ရှိပြီး ပျောက်ဆုံးနေသူဗိုလ်ကျော်သန်းမှာ ရေမကူးတတ်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
စပါးသယ်ဆောင်လာသော စက်လှေ နစ်မြုတ်မှုဖြစ်ပြီး လူတစ်ဦးပျောက်ဆုံး စပါးသယ်ဆောင်လာသော စက်လှေ နစ်မြုတ်မှုဖြစ်ပြီး လူတစ်ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.