ဆက်ကြေးကောက်ခံသူအား ဖမ်းဆီး အရေးယူထား


နေပြည်တော်၊ ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ဆက်ကြေးလာရောက် ကောက်ခံသူတစ်ဦးအား ထိန်းသိမ်းထားကြောင်းသတင်းအရ တပ်မတော်သားများမှ သွားရောက် စစ်ဆေးခဲ့ရာ သုံးဆယ်ကျေးရွာနေ သန်းထိုက်(ခ)ကိုထိုက်(၃၉)နှစ်ဖြစ်ပြီး ၎င်းအား SSPP/SSA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူက အုမ္မခါးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ဆက်ကြေးကောက်ခံရန် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

 အဆိုပါ ဆက်ကြေးကောက်ခံသူအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အရေး ယူပေးရန်တိုင်တန်းချက်အရ သန်းထိုက်(ခ)ကိုထိုက် အား နောင်ချိုမြို့မရဲစခန်း(ပ)၁၁/၂၀၁၈၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
ဆက်ကြေးကောက်ခံသူအား ဖမ်းဆီး အရေးယူထား ဆက်ကြေးကောက်ခံသူအား ဖမ်းဆီး အရေးယူထား Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.