တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အားပေးကူညီသူများအား အရေးယူထား

နေပြည်တော်၊ ဇန်နဝါရီ ၂၅

ဇန်န၀ါရီလ ၂၄ ရက်နေ့ ယမန်နေ့ ည ၆ နာရီအချိန် ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာအနီး၌ တပ်မတော်သားများသည် တန့်ယန်းမြို့ဘက်မှ မိုင်းရှူးမြို့ဘက်သို့ ပန်ဆန်းမြို့နယ်၊ ကြူဟစ်ကျေး ရွာနေ ဆန်လူ(၃၆)နှစ်မောင်းနှင်ပြီး ကွမ်ဘိပြည်နယ်၊ ဟိုဖူမြို့နယ်၊ နန်ဆန်ကျေးရွာနေ တရုတ်နိုင်ငံသား အားလီ(ခ)အားရှန်စိန်(၃၉)နှစ်နှင့် ကြူဟစ်ကျေးရွာနေ ဦးလောက်အေး(၆၁)နှစ်ပါ ကျား(၃)ဦး လိုက်ပါလာသည့် 2M/×××× Toyota Vigo ယာဉ်အား ရပ်တန့်စစ်ဆေးရာ တရုတ်နိုင်ငံသား အားလီ(ခ)အားရှန်စိန်မှာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

အဆိုပါ တရုတ်နိုင်ငံသားနှင့် သယ်ဆောင်လာသူများအား မိုင်းရှူးမြို့နယ်၊ လူဝင်မှုဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသို့ အပ်နှံခဲ့ပြီး ဒုလဝကဦးစီးမှူးမှ အရေးယူပေးရန်တိုင်တန်းချက်အရ အားလီ(ခ)အားရှန်စိန်နှင့် ဆန်လူ ပါ(၄)ဦးတို့အား မိုင်းရှူးမြို့မရဲစခန်း(ပ)၅/၂၀၁၈၊ လဝကအက် ၁၃(၁)/(၅)/(၆)ဖြင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အားပေးကူညီသူများအား အရေးယူထား တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အားပေးကူညီသူများအား အရေးယူထား Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.