ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ ညောင်ပင်ဈေး၊ မြတ်လေးလမ်း နေထိုင်သူ ကြက်ခြေနီဝန်ထမ်းတစ်ဦး ငါးဖမ်းလှေပေါ်ကနေ ပြုတ်ကျကာ ရေနစ်သေဆုံးမှုတစ်ခု ဒီဇင်ဘာ(၃၀) ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
ငါး၊ ပုဇွန်ဖမ်းရင်း သွေးတိုးမူးလဲကာ ရေထဲပြုတ်ကျခဲ့သေဆုံးခဲ့သူဟာ ကြက်ခြေနီစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကြက်ခြေနီလုပ်သက်နှစ်(၂၀)ကျော်ခန့်ရှိသူဖြစ်ကာ တပ်ကြပ်ကြီး၊ တပ်စုမှူးစတဲ့ရာထူးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကြက်ခြေနီသင်တန်းနည်းပြဆရာတစ်ဦးလည်း ဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် သေဆုံးသူဟာ(၂၀၁၃) ခုနစ်က မော်လမြိုင်မြို့မှာ ဖွင့်လှစ်ခဲ့တဲ့ ရေပြင်သက်ကယ်သင်တန်းမှာ ပထမအဆင့် ရွှေတံဆိပ်ဆုရရှိထားတယ်လို့လည်း သိရပါတယ်။ ဒီသတင်းကို မောင်ချစ်ဦး(ပန်းတနော်) ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
ကြက်ခြေနီဝန်ထမ်းတစ်ဦး လှေပေါ်မှ ပြုတ်ကျကာ ရေနစ်သေဆုံး
Reviewed by THITHTOOLWIN
on
16:57
Rating:
