ပခုက္ကူ ဇန်နဝါရီ ၂
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့ညနေ ပိုင်းကစ၍ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် နေ့အထိမကွေးတိုင်းဒေသကြီးအတွင်း ချိန်ခါမဲ့မိုးရွာ သွန်းလျက်ရှိသည်။
အဆိုပါ ချိန်ခါမဲ့မိုးရွာသွန်းမှုကြောင့် ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံသီးနှံရိတ် သိမ်းရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး၊ အပင်ခုတ်ပြီး အပုံများ မိုးကာအုပ်ထားရခြင်း၊ မိုးအဆက်မပြတ်ရွာပါက အညှောင့်ပေါက်ခြင်း များဖြစ် နိုင်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
ချိန်ခါမဲ့မိုးကြောင့် သီးနှံများထွက်နှုန်းကျဆင်းခြင်း၊ အရည်အသွေး ကျဆင်းခြင်း များဖြစ်ပေါ်နိုင်ကြောင်းသိရ သည်။ အလားတူ ဆောင်းသီးနှံ ကြက် သွန်စိုက်ခင်းများလည်း ထိခိုက်လာနိင်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ချိန်ခါမဲ့ မိုးရွာသွန်းမှုကြောင့် သီးနှံအချို့ပျက်စီးနိုင်
Reviewed by THITHTOOLWIN
on
16:40
Rating:
