မောင်တောမြို့နယ်၌ ဒေသန္တရလက်လုပ်မိုင်း ၆ လုံး၊ ရီမု ၇ စုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိ


၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ၁၂၄၅ အချိန်၌ ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ရဲအောင်စံရဖွေကျေးရွာအုပ်စု မြောက်ဘောင်း (ဘင်္ဂါလီ)ကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် ဦးအဒူလာ(စိစစ်ဆဲ)၏ ခြံဝင်းအတွင်း စပါးကျီအောက်မှ ဒေသန္တရလက်လုပ်မိုင်း ၆ လုံး၊ ရီမု ၇ စုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

အဆိုပါ ဦးအဒူလာ အိမ်၌ မသင်္ကာဖွယ် အထုပ် ၁ ထုပ်တွေ့ရှိကြောင်း သတင်းအရ အောင်သပြေနယ်မြေမှ တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းများဖြစ်နိုင်ကြောင်း ယူဆရသဖြင့် ရတနဗဟ (၃၃၃) သို့ သတင်းပို့ခဲ့သည်။

 ရတနဗဟ(၃၃၃)မှ တပ်မတော်သားများနှင့် စမအစု (၃၃၃)မှ တပ်မတော်သား များမှ အဆိုပါ အထုပ်အားရှင်းလင်းခဲ့ရာ အလျား ၉ လက်မ၊ အချင်း ၂ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၆ လုံး၊ အဝေးထိန်းရီမု ၇ စုံ၊ ဝါယာ ၆ ပင်ပါ ဆော့ကတ် ၈ ခု၊ ၉ ဗို့ဓာတ်ခဲ ၈ လုံးတို့အား တွေ့ရှိရသဖြင့် ရတနဗဟ(၃၃၃)သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရပါသည်။

သစ်ထူးလွင်
မောင်တောမြို့နယ်၌ ဒေသန္တရလက်လုပ်မိုင်း ၆ လုံး၊ ရီမု ၇ စုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိ မောင်တောမြို့နယ်၌ ဒေသန္တရလက်လုပ်မိုင်း ၆ လုံး၊ ရီမု ၇ စုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.