ကရသူရိမြို့ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီ၌ ယာဉ်တိုက်မှုဖြစ်ပွား၍ လူ(၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရ


ကရသူရိ - ဇန်န၀ါရီ ၁၆

ကရသူရိမြို့ ၊ မသေကျေးရွာအုပ်စု၊ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီအနီး၊ ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး၌ ဇန်န၀ါရီလ ၁၆ရက်နေ့ ၊နေ့လည်(၁)နာရီခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိ၍ လူ(၂)ဦးသေဆုံးပြီး(၁)ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ကရသူရိနယ်မြေရဲစခန်းမှ ရဲအုပ်ကျော်ကျော်မြင့်လွင်နှင့်အဖွဲဝင်များသွား ရောက်စစ်ဆေးခဲ့ရာ ဘုတ်ပြင်းမှ ကော့သောင်းဘက်သို့ ယာဉ်မောင်း စောလေးရန်ဖော၊အသက်(၂၃)သည်၊ 1C-----၊NISSAN အပြာရောင်ပုံပြောင်း(၁၀)ဘီးကားကိုမောင်းနှင်းလာပြီး၊ ကော့သောင်းဘက်မှ ဘုတ်ပြင်းဘက်သို့ ယာဉ်မောင်းမျိုးဇော်ဦးနှင့်နောက်လိုက်(၂)ဦးပါမော်တော်ဆိုင်ကယ်WAVE110(နီ/မဲ) ရောင်ဆိုင်ကယ်ကို မောင်းနှင်းလာရာ မိုင်တိုင်အမှတ် (၂၀၀/၄၂)နှင့် (၂၀၀/၅)ကြားသို့ အရောက်တွင် မျက်နှာချင်းဆိုင်တိုက်မိပြီး မော်တော်ဆိုင်ကယ်မောင်းနှင်သူ မျိုးဇော်ဦးနှင့် နောက်လိုက်ကျော်ဇင်ဝင်းတို့မှာ ပြင်းထန်ဒဏ်ရာဖြင့် အခင်း ဖြစ်ပွားရာနေရာတွင် သေဆုံးပြီး ကျန်နောက်လိုက် ၀င်းကိုမှာ ၀ဲဘက်ဂျိုစောင်းဒဏ်ရာနှင့် ညာဖက်ပါးပေါက်ပြဲကာ စိုးရိမ်ရသဖြင့် ဘုတ်ပြင်းနာရေးကူညီမှုကားဖြင့် မြိတ်ဆေးရုံးသို့ ချက်ခြင်းပို့ဆောင်ပေးခဲ့ကြောင်းသိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်အားမဆင်မခြင် မောင်းနှင်သော ယာဉ်မောင်း စောလေးရန်ဖော အား ကရသူရိနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

စိုးဝင်း(ကရသူရိပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကရသူရိမြို့ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီ၌ ယာဉ်တိုက်မှုဖြစ်ပွား၍ လူ(၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရ ကရသူရိမြို့ အောင်ဇင်ဘာဆီအုန်းကုမ္ပဏီ၌ ယာဉ်တိုက်မှုဖြစ်ပွား၍ လူ(၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.