မြောက်ဦးခရိုင် ထွေအုပ်ရုံး မြင်ကွင်း


မြောက်​ဦး၊ ဇန်​နဝါရီ ၁၇ ရက်​။ ယမန်နေ့ ညက အရပ်သား ၇ ဦးကို ပစ်ခတ်သေဆုံးမှု ဖြစ်စေခဲ့သော မြောက်ဦးခရိုင်အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန၏ ရုံးကို ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်က တွေ့မြင်ခဲ့ရခြင်း ဖြစ်ပါသည်။

RiA ၏ သတင်းရင်းမြစ်အရ - မူလက ဆန္ဒပြအုပ်စုသည် နန်းရာကုန်းဝန်းကျင်တွင်သာ ပြုလုပ်နေခဲ့ခြင်း ဖြစ်သော်လည်း ည ၁၀ နာရီအချိန်ခန့်တွင် မြောက်ဦးအနီး တစ်ဘက်ကမ်း ဒိုင်းကျီကျေးရွာမှ လူအင်အားများ လာရောက် ပူးပေါင်းခဲ့သည်ဟု သိရပါသည်။

ယင်းနောက် အဆိုပါ လူအုပ်ပါဝင်သည့် အင်အား ၂၀၀၀ ခန့်က မြောက်ဦးခရိုင်အထွေထွေ အုပ်ချူပ်ရေးဦးစီး ဌာန၏ ရုံးရှေ့သို့ ရောက်ရှိလာပြီး ရုံးခြံဝင်း သံတံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ကြသလို ရုံးအဆောက်အဦးကို ခဲဖြင့် ပေါက်ပစ်ခြင်း၊ အနီးရှိ မော်တော်ယာဉ်များကို ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

မြို့နယ်ရဲတပ်ဖွဲ့အနေနှင့် ထို အခြေအနေကို တားဆီးရန် ဆန္ဒပြလူအုပ်အား တားဆီးရန် ဥပဒေနှင့်အညီ မျက်ရည်ယို ဗုံးဖြင့် လူစုခွဲခြင်း၊ မီးသတ်ကားအသုံးပြု၍ ရေပိုက်ထိုးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သော်လည်း ထို လုပ်ထုံးလုပ်နည်းများကို ကျော်လွန်လျက် ယခုလို ပစ်ခတ်ဖြေရှင်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

သတင်း-ဓာတ်​ပုံ - ​Mgice/RiA
RiA
https://www.facebook.com/RootAgency
မြောက်ဦးခရိုင် ထွေအုပ်ရုံး မြင်ကွင်း ​မြောက်ဦးခရိုင် ထွေအုပ်ရုံး မြင်ကွင်း Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.