မွန်ပြည်နယ်မှာ ကမ်းလွန် စခန်းတခုကို စင်္ကာပူနဲ့ ဖက်စပ် ထောင်မည်


မွန်ပြည်နယ်မှာ ကမ်းလွန်အခြေစိုက် စခန်းတခုကို စင်္ကာပူနဲ့ မြန်မာ ဖက်စပ် ထူထောင်ကြမယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စင်္ကာပူကုမ္ပဏီဖြစ်တဲ့ ဆာဘားနား ဂျူရောင်းကုမ္ပဏီနဲ့ မြန်မာ့ကမ်းလွန်အခြေစိုက်လုပ်ငန်းလိမိတက်တို့ ဒီနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စာချုပ်အရ ဆာဘားနား က ပင်လယ်ရေကြောင်းနဲ့ အင်ဂျင်နီယာဆိုင်ရာ ကဏ္ဍ၊ စီမံကိန်းကွပ်ကဲမှုတွေ တာဝန်ယှူမှာဖြစ်ပါတယ်။

ဆာဘားနား ဂျူရောင်းကုမ္ပဏီဟာ အာရှ အခြေစိုက် မြို့ပြ၊ စက်မှုလုပ်ငန်း နဲ့ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ အကြံပေးကုမ္ပဏီတခုဖြစ်ပါတယ်။

Photo: surbanajurong.com
RFA Burmese
https://www.facebook.com/rfaburmese

မွန်ပြည်နယ်မှာ ကမ်းလွန် စခန်းတခုကို စင်္ကာပူနဲ့ ဖက်စပ် ထောင်မည် မွန်ပြည်နယ်မှာ ကမ်းလွန် စခန်းတခုကို စင်္ကာပူနဲ့ ဖက်စပ် ထောင်မည် Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.