သစ်ခွဲသားများ တရားမဝင် တင်ဆောင်လာသည့် မော်တော်ယာဉ် ရေမြောင်းတွင်း ထိုးကျ၍ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ


မကွေးတိုင်းဒေသကြီး ၊ မင်းဘူခရိုင်၊ ပွင့်ဖြူ မြို့နယ် မဲဇလီ - ရှောက်တောကျေးရွာလမ်း မုန်းမြောင်းမကြီးမြောင်းဘောင်တွင် သစ်တစ်တန်ခွဲခန့် တရားမဝင်သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး ဇန်နဝါရီလ (၂၀)ရက်နေ့က ရေမြောင်းတွင်း ထိုးကျသွား၍ သုံးဦးသေပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။


သစ်များတင်လာသည့် (၆)ဘီးယာဉ်သည် နံနက်(၃)နာရီခွဲဝန်းကျင်တွင် မြောက်မုန်းမြောင်းမကြီး မြောင်းဘောင်အတိုင်း မဲဇလီ-ရှောက်တောကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ကနီကျေးရွာနှင့် မဒဲ့ကျေးရွာကြား ထောင်တိုက်အမှတ် (၂၃)အနီးသို့အရောက်တွင် မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက် သွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်ပါလာသည့် အမျိုးသား(၅)ဦး အနက် နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သုံးဦးမှာ ရေမြောင်းအတွင်း သစ်ခွဲသားများပိ၍ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ထက်ဦးအား ပွင့်ဖြူမြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၈/ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

သတင်း၊ ဓါတ်ပုံ ဖီးနစ်
Tachileik News Agency
http://www.tachileik.net
သစ်ခွဲသားများ တရားမဝင် တင်ဆောင်လာသည့် မော်တော်ယာဉ် ရေမြောင်းတွင်း ထိုးကျ၍ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ သစ်ခွဲသားများ တရားမဝင် တင်ဆောင်လာသည့် မော်တော်ယာဉ် ရေမြောင်းတွင်း ထိုးကျ၍ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.