လယ်တဲအတွင်း အရက်အတူသောက်ပြီး ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်


ကျောက်တံခါး - ဇန်နဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် တောကျွဲအင်းနယ် မြေရဲစခန်းအပိုင် ကင်မွန်းအင်း ကျေးရွာအုပ်စု ပန်းကန်ကွဲကျေး ရွာ တုံကန်ချောင်းဘေးရှိ လယ် တဲ၌ ဇန်န၀ါရီလ ၂၀ ရက်နေ့ ယမန်နေ့နံနက် ၁၁ နာရီခွဲ က လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကျီးပင်ကျေးရွာအုပ်စု ကြို့ ပင်ရိုးကျေးရွာ ပဲနွယ်ကုန်းမြို့ နေသူ မမိုးအေးပိုင်ဆိုင်သော ပန်း ကန်ကွဲကျေးရွာ၏ တောင်ဘက် တုံကန်ချောင်းအနီး လယ်တဲ၌ သန်းဝင်း(ခ)ကရင်(၃၅နှစ်) ကြို့ ပင်ရိုးကျေးရွာ မကျီးပင်ကျေးရွာ အုပ်စု ကျောက်တံခါးမြို့နယ်နေ သူနှင့် တစ်ရွာတည်းနေ ကြည်ခင် (၄၅နှစ်)၊ ဇော်လင်းအောင် (၃၂ နှစ်)တို့သုံးဦးသည် အရက်အတူ သောက်ပြီး ထမင်းစားစဉ် တောင် ပေါ်သို့ ဝါးခုတ်သွားရန် ပြောဆို ရာမှ ဇော်လင်းအောင်က တောင် ပေါ်သို့ဝါးခုတ်မလိုက်နိုင်ကြောင်း ပြောဆိုရာက တစ်ယောက် တစ်ခွန်းစကားများရန်ဖြစ်ကြပြီး သန်းဝင်းက ၄င်းတွင် အသင့်ပါ လာသော ဝါးခုတ်ဓားမဖြင့် ဇော်လင်းအောင်အား ခုတ်လိုက် ရာ ဇော်လင်းအောင်တွင် လည် ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲပါးပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာပါးပြတ်ရှဒဏ်ရာ တစ်ချက် ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ဓားမဖြင့်ခုတ်သူ သန်းဝင်း(ခ)ကရင်က ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရ သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် တောကျွဲ အင်းနယ်မြေရဲစခန်းမှ (ပ)၃၇/ ၂ဝ၁၈ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့်လှစ်၍ တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
လယ်တဲအတွင်း အရက်အတူသောက်ပြီး ရန်ဖြစ်ရာမှ လူသတ်မှုဖြစ် လယ်တဲအတွင်း အရက်အတူသောက်ပြီး ရန်ဖြစ်ရာမှ လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.