အောင်လံမြို့နယ် ရေနံကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား


အောင်လံ ဇန်န၀ါရီ ၂၆

မကွေးတိုင်းဒေသကြီး အောင်လံမီးသတ်စခန်း၏ အရှေ့မြောက်ဘက် (၈)မိုင်ခန့်အကွာ ရေနံကြီးကျေးရွာတွင် ဇန်န၀ါရီလ(၂၆)ရက်နေ့ နံနက်(၁၀း၁၂)နာရီအချိန်ခန့်တွင် မီးလောင်ကျွမ်း မှုဖြစ်ပွားကြောင်း ကျေးရွာနေပြည်သူတစ်ဦးမှ တယ်လီဖုန်းဖြင့်သတင်းပေး ပို့ချက် အရ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသိမ်းထွန်း ဦးစီးသော သန္ဓေမီးသတ်(၁၅)ဦး၊ အရန်မီးသတ် (၃၀)ဦး စုစုပေါင်း(၄၅)ဦးတို့ဖြင့်၊ မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် တစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ ကန်ကြီးနယ်မြေစခန်းမှ မီးသတ်ရေသယ် ယာဉ်တစ်စီး၊ ကန်ကြီး ရပ်ကွက်အရန်မီးသတ်ရေ သယ်ယာဉ်နှစ်စီး၊ တရော်ကုန်း ရပ်ကွက်မှမီးသတ် ရေသယ်ယာဉ်တစ်စီး၊ ဇေယျဝတီရပ် ကွက်မှ မီးသတ်စက်ယာဉ်တစ်စီး၊ စုစုပေါင်း(၇)စီးတို့ဖြင့် ကျေးရွာ အရန် မီးသတ်(၁၀)ဦး၊ ပြည်သူများနှင့်အတူ အပေါ့စားရေစုပ်စက်(၂)လုံးတို့ဖြင့် ပူးပေါင်းငြှိမ်း သတ်ခဲ့ရာ (၁၀း၅၀)နာရီ အချိန်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့မရဲစခန်းမှူး ဦးစိုးညွန့်ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၁၀) ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှပါဝင်ငြှိမ်းသတ်နိုင်ခဲ့သည်။

ဖြစ်စဉ်မှာ ရေနံကြီးကျေးရွာနေ ဦးတင်အေးသည် ထမင်းဟင်းချက်ပြုတ်ပြီး ယာခင်းသို့ သွားစဉ် မီးဖို မီးကြွင်း မီးကျန်မှတစ်ဆင့် ဘေးအကာထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းမှုကြောင့် လူနေအိမ်(၄)လုံးနှင့် နွားတင်းကုတ်(၁)လုံး၊ မီးလောင်ခံရပြီး လူ၊ တရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အိုးမဲ့အိမ်မဲ့ဖြစ်သူ (၁၃) ဦးတို့အား နီးစပ်ရာဆွေမျိုး များအိမ်တွင်ပြောင်းရွှေ့နေထိုင်စေပြီး၊ ရေနံကြီးကျေးရွာနေ ဦးတင်အေး၊ (၄၆)နှစ် (ဘ) ဦးဖိုးကောင်း (တောင်သူ)အား အောင်လံမြို့မရဲစခန်းမှ အမှုဖွင့်အရေး ယူဆောင်ရွက်ထား လျက်ရှိကြောင်းသတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အောင်လံမြို့နယ် ရေနံကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား အောင်လံမြို့နယ် ရေနံကြီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.