ဖောင်းပြင်​မြို့နယ်​၊ သငါ​ကျေးရွာတွင်​ လူသတ်​မှုဖြစ်​ပွား


စစ်ကိုင်းတိုင်း ဒေသကြီး ဖောင်းပြင်မြို့ နယ်၊ သငါကျေးရွာတွင် စနောက်မိရာကနေ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်​စဉ်​မှာ (၂၅.၁.၂၀၁၈)ရက်​​နေ့၊ ည​နေ(၁၇း၀၀)နာရီ အချိန်​ခန့်​က သငါ​ကျေးရွာ တစ်​ရွာတည်း​နေ ကို........၏ ​နေကြာခင်းသို့ ခြံကာရန်​ လှည်းတစ်​စီး စီဖြင့် သွားကြရာ တရားခံ ပိုက်​​ထွေး က ကို​ကျော်​​ဝေကို မ​စောင့်​ပဲ သွား​သော​ကြောင့် ကြိမ်​လုံးဖြင့် ထောက်​၍ စေ​နာက်မိရာက စိတ်​ဆိုးပြီး ​သေဆုံးသူ​ကို​ကျော်​​ဝေက ကြိမ်​လုံးဖြင့် ၁၅ ချက်​ခန့်​ ရိုက်​ခဲ့ကြောင်း သိရသည်။

ကြိမ်လုံးဖြင့် ရိုက်တာကို တရားခံပိုက်​​ထွေး (၁၉)နှစ်​က မ​ကျေနပ်​ကာ လမ်းရှိ တဲမှ အရိုးအသွား
တစ်​​တောင်​ခန့်​ရှိ ဓားကို သစ်​ငုတ်​ခုတ်​ရန်​ အ​ကြောင်းပြငှါးယူပြီး ၄င်းဓားဖြင့် ခုတ်​သတ်​ရာ ကိုကျော်ဝေ မှာ  လက်​ဝဲဘက်​လက် ​ပြတ်​ရှဒဏ်​ရာ ၂ ချက်​ ၊ ဦး​ခေါင်း​နောက်​ဦးစက်​ကွဲ(ဦး​ဏှောက်​ထွက်​) ဒဏ်​ရာများ ရရှိကာ ​နေရာတွင်​ ​သေဆုံးသွား ခဲ့သည်​။

၎င်း လူသတ်​မှုအား နယ်​​မြေခံရဲတပ်​ဖွဲ့မှ နာရီပိုင်းအတွင်း ​ဖော်​ထုတ်​ဖမ်းဆီးကာ ဥပ​ဒေနှင့် အညီ ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း မြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှ သိရသည်​။

ဇေယျာဝင်း
ဖောင်းပြင်​မြို့နယ်​၊ သငါ​ကျေးရွာတွင်​ လူသတ်​မှုဖြစ်​ပွား ​ဖောင်းပြင်​မြို့နယ်​၊ သငါ​ကျေးရွာတွင်​ လူသတ်​မှုဖြစ်​ပွား Reviewed by THITHTOOLWIN on 04:27 Rating: 5
Powered by Blogger.