မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး အတည်ပြု


နိရဉ္စရာ၊ ဇန်န၀ါရီ ၃၀

မြောက်ဦး အရေးအခင်းပြီးနောက် ပြောင်းရွှေ့ခံရသူ ယခင် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် ယနေ့ ညနေက လုပ်ကြံသတ်ဖြတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

" သေဆုံးသွားတာ မှန်ပါတယ်။ ဒီကနေ့ ညနေ ၅ နာရီခန့်မှာ ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ကားလမ်းပေါ်မှာ ကားနဲ့သွားနေတုန်း လုပ်ကြံခံရတာဖြစ်ပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ လူသုံးဦးက လုပ်ကြံပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်" ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

ယခုအခါ သတ်ဖြတ်သွားသူများကို အပူတပြင်း လိုက်လံပြီး ရဲက ရှာဖွေနေကြောင်း ပြောကြားသည်။

ဘိုဘိုမင်းသိုက်သည် မြောက်ဦးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ချင်ချင်းဆိုသလို စစ်တွေမြို့သို့ လက်ထောက် ညွှန်မှူး အဖြစ်ဖြင့် ပြောင်းရွှေ့ခံခဲ့ရသည်။

" မြောက်ဦး ဖြစ်စဉ်နဲ့ ဆက်စပ်သလားဆိုတာတော့ မပြောနိုင်သေးဘူး။ အခု လူသတ်တရားခံတွေကို လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် ဘယ်လို ဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး" ဟု ပြည်နယ် အုပ်ချုပ်ရေးမှူးက ဆက်လက် ပြောကြားသည်။

သူ၏ အလောင်းကို ရဲကဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး အတည်ပြု မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး အတည်ပြု Reviewed by THITHTOOLWIN on 23:11 Rating: 5
Powered by Blogger.