မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်​တွေလွှဲပြောင်းပြီး​နောက်​ လုပ်ကြံခံရ


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ဟာ မြောက်ဦးမြို့က လုပ်ငန်းတာဝန်​တွေ လွှဲ​ပြောင်းပြီး ရခိုင်ပြည်နယ်ရုံးမှာ တာဝန်ထမ်းဆောင်​ဖို့ ​ပြောင်း​ရွှေ့လာစဉ် ပုဏ္ဏားကျွန်းမြို့နယ်အနီး ကျောက်ဆိပ်ကျေးရွာနှင့် ယိုးငူ ကျေးရွာကြားအရောက်မှာ လုပ်ကြံခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်​နဝါရီလ ၃၀ရက်​ ညနေ ၆နာရီခွဲခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်အနီး ကျောက်ဆိပ်ကျေးရွာနဲ့ယိုးငူကျေးရွာ အကြားမှာ ကားမှောက်​နေတာကို အရင်​ဆုံး​တွေ့ရှိပြီး​နောက်​ စစ်​​ဆေးရာ ဓားဒဏ်ရာနဲ့ ​သေဆုံးနေတာတွေ့ခဲ့ရတာပါ။ အနီးအနားမှာလည်း အခြားတယ်လီဖုန်းတွေကို သိမ်းဆည်းရမိခဲ့ပြီး ကားပေါ်မှာ လူစိမ်းသုံးဦးလိုက်ပါတယ်လို့ သိရ​ကြောင်း ပြည်နယ်ထွေအုပ်မှ အရာရှိ တစ်ဦးကပြောပါတယ်။

အဲဒီလူစိမ်းတွေကို သက်ဆိုင်ရာက လိုက်လံရှာဖွေစုံစမ်း​နေတယ်လို့ သိရပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဟာ မြောက်ဦးဖြစ်စဉ်ဖြစ်ပွါးပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကိုပြောင်း​ရွေ့တာဝန်ပေးအပ်ထားတာဖြစ်ပါတယ်။

သတင်း - လဝန်းရံ(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်​တွေလွှဲပြောင်းပြီး​နောက်​ လုပ်ကြံခံရ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်​တွေလွှဲပြောင်းပြီး​နောက်​ လုပ်ကြံခံရ Reviewed by THITHTOOLWIN on 23:07 Rating: 5
Powered by Blogger.