တိုက်ကြီးမြို့နယ်၌ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး၍ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေတဲ ၁၂ လုံးပျက်စီး


တိုက်ကြီး ဇန်နဝါရီ ၇

တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် အေးသစ္စာ၊ ဂျီအီးမြရတနာနှင့် လူသန့်အင်းကျေးရွာ များအနီးတွင် ဇန်နဝါရီ ၆ ရက်က တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်ဖျက်ဆီး သဖြင့် ဘုန်ကြီးကျောင်းတစ်ကျောင်းနှင့် လူနေတဲ ၁၂ လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတောဆင်ရိုင်းသည် ဇန်နဝါရီ ၅ ရက် ညက လိမ္မော်ခြံရွာအနီးဝင်ရောက် လာသဖြင့် ဒေသခံများက ခြောက်လှန့်မောင်းထုတ်ရာ ဇန်နဝါရီ ၆ရက် နံနက် ၁ နာရီခန့်တွင် အေးသစ္စာရွာဘက်သို့ရောက်ရှိပြီး လူနေအိမ်နှစ်လုံး၊ ဂျီအီးမြရတနာရွာမှ လူနေအိမ်လေးလုံးနှင့် တီဗွီတစ်လုံးတို့ကို နင်းချေဖျက်ဆီးသွားခဲ့သည်။

အဆိုပါ တောဆင်ရိုင်းကို နယ်မြေခံတပ်မတော်သားများ၊ ဒေသခံများ ဝိုင်းဝန်း ခြောက်လှန့်လိုက်သဖြင့် ဂျိုးဖြူရေပိုက်လိုင်းအတိုင်း လူသန့်အင်းကျေးရွာ အရှေ့ဘက် တောထဲသို့ဝင်ရောက်ကာ တောထဲ၌ သီတင်းသုံးနေသော ဆရာတော် ဦးဝိမလ၏ ဘုန်းကြီးကျောင်းနှင့် ဒေသခံများ၏ နေအိမ်များအား ဖျက်ဆီးကာ ဆန်၊ ဆား၊ ငါးပိများ စားသောက်ပြီး အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

တောဆင်ရိုင်းဝင်ရောက်၍ နေအိမ်ဖျက်ဆီးခံရသူ ဦးကျော်အေးက ''ကျွန်တော်က မနှစ်ကလည်း ဖျက်ဆီးခံရတယ်၊ လှည်းတွေပျက်စီးတယ်၊ စပါးတင်း ၁ဝဝ လောက် အစားခံရတယ်၊ အခုလည်း နေအိမ်ဖျက်ဆီးခံရတယ်၊ ဆန်၊ ဆား၊ ငါးပိတွေစားသွား တယ်၊ စောင်လည်းခြုံစရာမရှိတော့ဘူး''ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြိုင်ဟေဝန်ဆင်စခန်း (အရေးပေါ် ဆင်ထိန်းသိမ်း ရေးအ¸)မှ ဆင်ဆေးကုတာဝန်ခံ ဦးဖြိုးသူအောင်က ''အခုဝင်တဲ့ဆင်က မနှစ်က လည်း တစ်ခါဝင်ဖူးပါတယ်၊ွဏှ တပ်ဆင်ထားတဲ့ဆင်ပါ၊ ဒါကြောင့် ကျွန်တော်တို့ လည်း ထက်ကြပ်မကွာလိုက်နေတာပါ၊ ဆင်က အသက် (၃ဝနှစ်)ကျော်လောက်ပါ၊ ခုထိ လူကိုတော့ အ္တရာယ်မပေးသေးပါဘူး၊ အဲဒီဆင်ကို မြိုင်ဟေဝန်ဆင်စခန်းက ကွန်ဂျီဆင်သုံးကောင်နဲ့ ပြန်လည် မောင်းပို့ဖို့ စီစဉ်ပြီးပါပြီ''ဟု ပြောကြားသည်။

ထွန်းလှိုင်(မြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တိုက်ကြီးမြို့နယ်၌ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး၍ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေတဲ ၁၂ လုံးပျက်စီး တိုက်ကြီးမြို့နယ်၌ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီး၍ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် လူနေတဲ ၁၂ လုံးပျက်စီး Reviewed by THITHTOOLWIN on 08:51 Rating: 5
Powered by Blogger.