ငမိုးရိပ်ချောင်းအတွင်း မော်တော်ယာဉ် အရှိန်လွန်ထိုးကျ၊ ယာဉ်ကို ဆယ်ယူပြီးသော်လည်း ယာဉ်မောင်းပျောက်ဆုံးနေ


ရန်ကုန် ဇန်နဝါရီ ၇

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၃၃ ရပ်ကွက်၊ ဆရာစံလမ်းအတိုင်း မောင်းနှင်လာသည့် ယာဉ်မောင်း စည်သူဖြိုး (၂၄ နှစ်) သည် ဇန်နဝါရီ ၇ ရက်နံနက် ၃ နာရီခွဲခန့်က ယာဉ် အမှတ် 6M/--- ဟွန်ဒါဖစ်ယာဉ်ကို မောင်းနှင်လာစဉ် ငါးမာန်အောင်ဘုရား လမ်းဆုံအရောက် ငမိုးရိပ်ချောင်းအတွင်းသို့ အရှိန်လွန်ထိုးကျပြီး နစ်မြုပ်သွားသည်။

ယာဉ်ပေါ်ပါ အောင်ကိုမိုး (၂၅ နှစ်) အား ချောင်းအတွင်းရှိ ငါးဖမ်းလှေက တွေ့ရှိကယ်ဆယ်နိုင်ပြီး စည်သူဖြိုးမှာ ကျန်ရစ်ခဲ့သည်။ အခင်းဖြစ်ပွားရာသို့ ရန်ကုန် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၏ ကြီးကြပ်မှုဖြင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နှင့် အရှေ့မြို့နယ်တို့မှ မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များ၊ ဒဂုံမြို့သစ်အရှေ့မှ အသက်ကယ်လှေတစ်စင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ မွန်းလွဲ ၃နာရီ ၅ဝ မိနစ်ခန့်တွင် ယာဉ်ကိုဆယ်ယူရရှိပြီး ယာဉ်မောင်းစည်သူဖြိုးမှာ ပျောက်ဆုံးလျက် ရှိကြောင်း သိရှိရသည်။

အောင်သူရ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ငမိုးရိပ်ချောင်းအတွင်း မော်တော်ယာဉ် အရှိန်လွန်ထိုးကျ၊ ယာဉ်ကို ဆယ်ယူပြီးသော်လည်း ယာဉ်မောင်းပျောက်ဆုံးနေ ငမိုးရိပ်ချောင်းအတွင်း မော်တော်ယာဉ် အရှိန်လွန်ထိုးကျ၊ ယာဉ်ကို ဆယ်ယူပြီးသော်လည်း ယာဉ်မောင်းပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 08:44 Rating: 5
Powered by Blogger.