တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမှိုက်တွေ လက်ခံတော့မည် မဟုတ်

Photo: Dan Kitwood/Getty Images
ကမ္ဘာမှာ အသုံးပြုပြီးပစ္စည်းတွေကို ပြန်လည်အသုံပြုနိုင်အောင် recycle အမှိုက်များကို သွင်းကုန်အဖြစ် အများဆုံးလက်ခံခဲ့တဲ့ တရုတ်ပြည်အနေနဲ့ လက်ခံတော့မုာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောဆိုပါတယ်။

တရုတ်ပြည်ကို အမှိုက်တင်ပို့နေတဲ့ ဥရောပနဲ့ အမေရိကန်ကုမ္ပဏီတွေကို ပြီးခဲ့တဲ့ ဇူလိုင်လက အသိပေးစာ ပေးပို့လိုက်ပြီး ဇန်န၀ါရီလ ၁ ရက်နေ့ကစလို့ ပိတ်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ တင်သွင်းခွင့်မပြုတဲ့ အမှိုက်ပစ္စည်းအဟောင်း ၂၅ မျိုးကို သတ်မှတ်ထားပါတယ်။

တရုတ်ပြည်တွင်းမှာ ဒီလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေလည်း ပိတ်ပစ်လိုက်ရတာတွေ ရှိလာပြီဖြစ်ပါတယ်။

တရုတ်ပြည်ကို တင်သွင်းလာတဲ့ အမှိုက်တွေဟာ ၂၀၁၅ ခုနှစ် တစ်နှစ်ထဲမှာတင် ၄၉.၆ တန် ရှိပြီး အဲဒီအမှိုက်တွေဟာ တရုတ်ပြည်ရဲ့ ရေမြေပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ညစ်ညမ်းစေတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးက ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ကို ပေးပို့တဲ့ ရှင်းလင်းစာမှာ ဖေါ်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမှိုက်တွေ လက်ခံတော့မည် မဟုတ် တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမှိုက်တွေ လက်ခံတော့မည် မဟုတ် Reviewed by THITHTOOLWIN on 10:57 Rating: 5
Powered by Blogger.