သုဝဏ္ဏ၌ အထည်ချုပ်စက်ရုံ မီးလောင်၊ ငွေကျပ်သိန်း ၇ဝဝဝ ကျော်ဖိုး ဆုံးရှုံး


ရန်ကုန် ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ကမာ ကြည်လမ်း၊ မ/ ၂၉/၁ Yangon Pan. Pacific International ကိုရီးယား အထည်ချုပ်စက်ရုံ၌ ဒီဇင်ဘာလ ၁၂ ရက်နေ့  နံနက် ၄ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ကမာကြည်လမ်းရှိ ပိုင်ရှင် Mr.Lima Sung Wom မ/ ၅၃ မာလာမြိုင် လမ်း ကမာရွတ်မြို့နယ်နေသူ ပိုင်ဆိုင် သော Yangon Pan. Pacific Internationalကိုရီးယားအထည် ချုပ်စက်ရုံ၌ ယနေ့ နံနက် ၄ နာရီ မိနစ် ၂ဝ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးကျော်သူရ ဦးဆောင်၍ တိုင်းဒေသကြီး မီးသတ် ဦးစီးမှူး မျိုးဝင်း အနီးကပ်ကြီးကြပ်ပြီး သန္ဓေမီးသတ်ယာဉ်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ အင်အား ၅ဝဝ ခန့်နှင့် မီးသတ်ယာဉ် ၄၇ စီး၊ အုပ်ချုပ်မှုယာဉ် ရှစ်စီး၊ အထောက်အကူပြု ရေသယ် ယာဉ် ၁ဝ စီး၊ စက်ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် တစ်စီးတို့နှင့်အတူ တိုင်းဒေသကြီး ရဲတပ်ရင်းမှ ရဲမှူးကြီး မျိုးကြည်၊ ရဲမှူး သိန်းအောင်နှင့် တပ်ဖွဲ့ ဝင်များ၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော အဖွဲ့များက ဝိုင်းဝန်းငြှိမ်း သတ်ကြရာ နံနက် ၆ နာရီ ၃၅ မိနစ် တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အထည်ချုပ် စက်ရုံနှစ်ရုံနှင့် မော်တာအပ်ချုပ်စက် အလုံးရေ ၂ဝဝဝ ခန့်နှင့် အထည်အလိပ် ပိတ်အလုံးရေ ၁ဝ၇ဝဝဝ ခန့်တို့ မီးလောင် ခဲ့သည်။ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၇ဝဝဝ ကျော် ဆုံးရှုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

တင်ကြည်(သင်္ဃန်းကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သုဝဏ္ဏ၌ အထည်ချုပ်စက်ရုံ မီးလောင်၊ ငွေကျပ်သိန်း ၇ဝဝဝ ကျော်ဖိုး ဆုံးရှုံး သုဝဏ္ဏ၌ အထည်ချုပ်စက်ရုံ မီးလောင်၊ ငွေကျပ်သိန်း ၇ဝဝဝ ကျော်ဖိုး ဆုံးရှုံး Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.