နတ်​သံကွင်း​ဈေး မီးလောင်မှု ဆိုင်ခန်း ၁၅၆ ​ခန်း ဆုံးရှုံး

နတ်​သံကွင်း​ဒေသရှိ ​ကျေးရွာ​ဈေး မီး​လောင်​​မှုဖြစ်​ပွား
ကျောက်​ကြီး၊ ဒီဇင်​ဘာ ၁၂

ပဲခူးတိုင်း​ဒေသကြီး ၊ ​တောင်​ငူခရိုင်​၊ ကျောက်ကြီးမြို့နယ်၏ ၉ မိုင်ခန့်အကွာ နတ်သံကွင်းဒေသ စည်​ပင်​ဈေးထဲတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉နာရီ ၁၀ မိနစ်ခန့် မီးလောင်မှု ဖြစ်ပွား​ကြောင်း သိရသည်​။

ဖြစ်​ပွားရာ ​နေရာသို့ ​​ကျောက်​ကြီးမြို့နယ်​ မီးသတ်​ဦးစီးဌာနမှ မီးသတ်​ယာဉ်​ ၃ စီး နတ်​သံကွင်းမီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ ၂ စီး၊ ပဲနွယ်​ကုန်း မီးသတ်​ယာဉ်​စခန်းမှ မီးသတ်​ယာဉ်​ ၂ စီး၊ ​ကျောက်​တံခါးမြို့နယ်​ မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ ၁ စီး ဖြူးမြို့နယ်​ မှ မီးသတ်​ယာဉ်​ ၁ စီး ​တောင်​ငူမြို့နယ်​ မီးသတ်​စခန်းမှ ၁ စီး ကျွဲပွဲမြို့နယ်​ မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ ၁ စီး၊ ကညွတ်​ကွင်းမြို့နယ်​ မီးသတ်​စခန်းမှ မီးသတ်​ယာဉ်​ ၁ စီး၊ အုပ်​ချုပ်​မှုယာဉ်​ ၁ စီး စုစု​ပေါင်း ၁၃ စီး၊ မီးသတ်​တပ်​ဖွဲ့ဝင်​များ ၊ ​ဒေသခံပြည်​သူများ ငြိမ်းသတ်​မှု​ကြောင့်​ ည ၉နာရီ ၃၆မိနစ်အချိန်​ခန့်​တွင်​ မီးညွှန့်​ကျိုး​အောင်​ငြိမ်းသတ်​နိုင်​ခဲ့သည်​။

မီး​လောင်​မှု​ကြောင့်​ အဆိုပါ​ဈေးအတွင်းရှိ ဆိုင်​ခန်း​ပေါင်း ၂၁၆ ခန်းရှိသည့်​အနက်​ ၁၅၆ ​ဆိုင်​ခန်းမီး​လောင်​ကျွမ်းခဲ့ပြီး ဆိုင်​ခန်း ၆၀ ခန့်​ကျန်​ရှိ​ကြောင်း သိရသည်​။

တောင်​ငူခရိုင်​ (ပြန်​/ဆက်​)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နတ်​သံကွင်း​ဈေး မီးလောင်မှု ဆိုင်ခန်း ၁၅၆ ​ခန်း ဆုံးရှုံး နတ်​သံကွင်း​ဈေး မီးလောင်မှု ဆိုင်ခန်း ၁၅၆ ​ခန်း ဆုံးရှုံး Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.