ဘားအံ-ဇာသပြင်ကားလမ်းတွင် ယာဉ်တစ်စီးအရှိန် လွန်ပြီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းသူသေဆုံး


ဘားအံ-ဇာသပြင် ကားလမ်း ကော့ကျိုက်ကျေးရွာနှင့် ကော့ဒန်း မယ်ကျေးရွာကြားတွင် ဒီဇင်ဘာ ၅ရက်နေ့ ည၇နာရီ၅၀ အချိန်ခန့်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်၍ လမ်းဘေးရှိမလေးရှားသစ်ပင်ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဘားအံ-ဇာသပြင် ကားလမ်း ကော့ကျိုက်ကျေးရွာနှင့် ကော့ ဒန်းမယ်ကျေးရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွါးကြောင်း သတင်းအရ ထုံးအိုင်နယ်မြေရဲစခန်းမှူးရဲအုပ်ညီညီမိုး၊ တာဝန်မှူး ဒုရဲအုပ်အောင်မင်းဦးနှင့်တပ် ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ဘားအံ-ဇာသပြင်ကားလမ်း မိုင်တိုင်အမှတ်(၁/၂)တွင်ဇာသပြင်ဘက်မှ ဘားအံဘက်သို့မောင်းနှင် လာသောယာဉ်တစ်စီးမှာ လမ်းဘေးသစ်ပင်အားဝင်တိုက်မိ၍ ယာဉ်မောင်းသတိလစ်နေသည်ကိုတွေ့ရှိရပြီး ယာဉ်မောင်းတွင် ပါလာသော ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ရာယာဉ်တိုက်မှုမှယာဉ်မောင်းသူမှာ ဦးမိုးလွင်ဦး ၊(၅၀)နှစ်၊ဇရပ်ဖြူရွာ၊လှာကာကျေးရွာအုပ်စုနေသူဟုသိရပြီး ၎င်းမောင်းနှင်လာသော7J/-----နံပါတ်တပ်TOYOTA WISH အမျိုးအစားအဖြူရောင်(လိုင်စင်ရှိ)ယာဉ်ဖြင့်လမ်းဘေးရှိ မလေးရှားပိတောက်ပင်အားအရှိန်လွန်ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကာ ယာဉ်မောင်း ဦးမိုးလွင်ဦးတွင်ဝဲဂျိုစောင်းပေါက်ပြဲ၊ နှာခေါင်းသွေးထွက်၊ယာပါးပွန်းပဲ့၊သတိမရ(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ည၈နာ၁၀မိအချိန်ဘာအံပြည်သူ့ဆေးရုံကြီးသို့ရဲဆေးစာဖြင့်တင်ပို့ကုသစဉ်ည၈နာရီ၂၀ အချိန် သေဆုံး သွားခဲ့ ကြောင်းသိရသည်။

ထို့ကြောင့်မိမိကိုယ်မိမိသေဆုံးအောင်ယာဉ်မဆင်မဆင်မခြင်မောင်းနှင်သူ ဦးမိုးလွင်ဦးအား ထုံးအိုင်နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံ-ဇာသပြင်ကားလမ်းတွင် ယာဉ်တစ်စီးအရှိန် လွန်ပြီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းသူသေဆုံး ဘားအံ-ဇာသပြင်ကားလမ်းတွင် ယာဉ်တစ်စီးအရှိန် လွန်ပြီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်မောင်းသူသေဆုံး Reviewed by THITHTOOLWIN on 17:33 Rating: 5
Powered by Blogger.