မော်တော်ဆိုင်ကယ် လိုင်စင်နှုန်းထားများလျှော့ချပေးရန် သီပေါလွှတ်တော်အမတ် တင်သွင်း


ဥပဒေနှင့် အညီ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များလျော့နည်း ပပျောက် စေရန်ဆိုင်ကယ် ယာဉ်မှတ်ပုံတင်ပြု လုပ်ရာတွင်ပေးဆောင်ရသော လိုင်စင် ကြေးနှုန်းလျှော့ချပေးရန်အတွက် သျှမ်းပြည်နယ်အစိုးရအဖွဲ့အားတိုက်တွန်း သည့် အဆိုအတည်ပြုလိုက်ကြောင်းသိရသည် ။

ဒီဇင်ဘာ ၇ ရက်နေ့ တွင်ကျင်းပပြုလုပ်သော ဒုတိယအကြိမ်သျှမ်းပြည်နယ် လွှတ်တော် အဌမပုံမှန်အစည်းအဝေး(တတိယ) နေ့တွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ နန်းစမ်းစမ်းအေးက ” သျှမ်းပြည် နယ်အစိုး၏ ကြီးကြပ်မှုဖြင့်လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားဒေသအ မှတ်သင်္ကေ တဖြင့်ယာဉ်မှတ် ပုံတင်ပြုလုပ်ရာတွင် ပေးဆောင်ရ မည့်လိုင်စင် ကြေးနှုန်း ထားများလျှော့ချပေး ရန်တိုက်တွန်းကြောင်း ” အဆိုကိုတင်သွင်းရာ အတည်ပြု ရန်ထောက်ခံသူ ကိုယ်စားလှယ်ပေါင်း ထက်ဝက်ကျော် ခန့်ရှိ သည့်အတွက် ယင်းအဆိုအားအတည်ပြုကြောင်းလွှတ်တော် ဥက္ကဌမှ ကြေငြာခဲ့သည် ။

” သျှမ်းပြည်ထဲက မော်တော်ဆိုင်ကယ်အစီးတိုင်း မှတ်ပုံတင်ရ ရှိဖို့ အင်မတန်မှ အရေးကြီးပါတယ်၊ ကျမတို့ ဆိုရှယ်မီဒီယာတွေမှာနေ့စဉ် တွေ့ရတယ် ဆိုင်ကယ်တိုက်မှုတွေ ယာဉ်တိုက်မှုတွေ။ အဲ့ဒီယာဉ်တိုက်မှု တွေကို အရးယူမယ်ဆိုရင် နံပါတ်ပြားမရှိတဲ့ အတွက် လိုင်စင်မှတ်ပုံတင် မရှိတဲ့အတွက် အရေးယူဖို့လည်းခက်ခဲတယ။ ဒါကြောင့် ဆိုင်ကယ်မှတ်ပုံ တင်ပြုလုပ်ဖို့ အရေးကြီးတယ် ။ အစိုးရရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ဥပဒေ များနှင့် အညီဖြစ်စေခြင်း ဆိုတဲ့အပေါ်မှာ လိုင်စင်မဲ့ယာဉ်များ လျော့နည်းပ ပျောက်သွားအောင်အရင်လုပ်ရမယ်လို့ကျမမြင်ပါတယ် ” ဟု နန်းစမ်းစမ်း အေး ကပြောသည် ။

ယင်းအဆိုနှင့် ပတ်သက်၍ သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လမ်းပမ်းဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေးက မော်တော်ဆိုင်ကယ်ယာဉ်မှတ် ပုံတင်ပြုလုပ်ပုံ လုပ်ထုံးလုပ်နည်းအကြောင်းပြောဖြေကြားသွားခဲ့ပြီး လိုင်စင်ဈေးနှုန်းများလျော့ချပေး ရန် အဆိုကို မှတ်တမ်းတင်ကာ အတည်ပြုရန် မဲခွဲ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။

” အစိုးရအဖွဲ့များအနေနဲ့ကတော့ ထုံးစံအတိုင်း ဘယ်အဆို ကိုမဆို မှတ်တမ်းတင်ဖို့ပဲ တိုက်တွန်းတယ် လို့ပဲကျမမြင်ပါတယ် ကျမတို့လွှတ် တော်ကိုယ်စားလှယ်များ အနေနဲ့က လည်း ကျမတို့အဆိုအောင်မြင်ဖို့ ၊ အစိုးရရဲ့ကတိကဝတ်ဖြစ်မြောက်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်” ဟု နန်းစမ်းစမ်းအေးကပြောသည် ။

ဒုတိယအကြိမ်သျှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးကို ဒီဇင်ဘာလ(၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅) တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး အဆိုပေါင်း (၆၀) ၀န်းကျင်ခန့် တင်သွင်း သွားမည်ဟု သိရပါသည် ။

By: သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
http://burmese.panglong.org
မော်တော်ဆိုင်ကယ် လိုင်စင်နှုန်းထားများလျှော့ချပေးရန် သီပေါလွှတ်တော်အမတ် တင်သွင်း မော်တော်ဆိုင်ကယ် လိုင်စင်နှုန်းထားများလျှော့ချပေးရန် သီပေါလွှတ်တော်အမတ် တင်သွင်း Reviewed by THITHTOOLWIN on 08:12 Rating: 5
Powered by Blogger.