ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်မောင်းတစ်ဦးသေဆုံး


ဒီဇင်ဘာလ(၁)ရက် နံနက်(၁)နာရီခွဲခန့်က ပဲခူးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်း၊မိုင်တိုင်အမှတ်(၅၂)အနီး သစ်ထုတ်လုပ်ရေးရုံးရှေ့မှာ ခရီးသည်တင်ယာဉ်တစ်စီးနဲ့ Hiject အမျိုးအစားယာဉ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိရာက Hiject ယာဉ်မောင်းဟာ အခင်းဖြစ်ပွားရာမှာသေဆုံးခဲ့တယ်လို့ပဲခူးမြို့မရဲစခန်းရဲမှတ်တမ်း အရသိရပါတယ်။


 ဖြစ်စဉ်မှာရန်ကုန်-မန္တလေး ကားလမ်းမ၊ပဲခူးမြို့၊ သစ်ထုတ်လုပ်ရေးရုံးရှေ့မှာပဲခူးမြို့တွင်းဘက်ကဘုရားကြီး ဘက်ကို မောင်းနှင်လာတဲ့ Hiject ယာဉ်နဲ့ဘုရားကြီးဘက်ကနေ ပဲခူးမြို့တွင်းကို မောင်းနှင်လာတဲ့ ရန်ကုန်-သထုံ-ဘားအံ ခရီးသည်တင်ယာဉ်တို့မျက်နှာချင်းဆိုင်တိုက်မိရာက Hiject ယာဉ်မောင်းဟာ အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

 ယာဉ်တိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးယာဉ်မဆင်မခြင်မောင်းနှင်သူ Hiject ယာဉ်မောင်းနဲ့ထွက်ပြေးတိမ်းရှောင်နေသူ ရန်ကုန်-သထုံ-ဘားအံ ခရီးသည်တင်ယာဉ်မောင်းနှစ်ဦးကို ပဲခူးမြို့မရဲစခန်းယာဉ်(ပ)၁၀၀/၂၀၁၇နဲ့အမှုဖွင့် အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒီသတင်းကို ပဲခူးဗျူရိုက အောင်စည်သူဖြိုး ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်မောင်းတစ်ဦးသေဆုံး ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်မောင်းတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.