တောင်​ကြီး မြို့လယ်​​ခေါင်​တွင်​ ညအချိန်​ အုပ်​စုဖွဲ့ ရမ်းကားမှု​ကြောင့် လူသတ်​မှုဖြစ်


ရှမ်းပြည်နယ်၊ တောင်​ကြီးမြို့ ၊ သစ်​​တောရပ်​ကွက်၊ ​​ဇောတိကလမ်း၊ ဗိုလ်​ချုပ်​ပန်းခြံ​မြောက်​ဘက်​ဝင်​​ပေါက်​​ရှေ့တွင် ဒီဇင်ဘာလ ​၁၀ ရက်နေ့ ည ၁၀နာရီခွဲခန့် က လူငယ်​ ၅ဦးသည် ပလက်ဖောင်းပေါ်ထိုင်​​နေစဉ်​ လူငယ်​တစ်​ဦး၏ ​ခြေ​ထောက်​နှင့်​ ခလုတ်​တိုက်​မိရာမှစတင်​ပြီး လူငယ်​ ၁၀ဦးခန်​နှင့် ခိုက်​ရန်​ဖြစ်​ပွားခဲ့ရာ လင်းလင်း အမည်ရှိ လူငယ်တစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ထို့အပြင် သားအိုနှင့် အီကိုမှာ ဒဏ်​ရာများ ရရှိခဲ့သဖြင့် ​တောင်​ကြီးမြို့မ ရဲစခန်း(ပ)၁၀၂၆/၁၇ ရာဇသတ်​ကြီး ပုဒ်​မ၃၀၂/၃၂၆/၃၂၅/၁၁၄ဖြင့် အမှူဖွင့် ဆောင်​ရွက်​ခဲ့ပါသည်​။

အခင်းဖြစ်​​နေရာသို့ ​တောင်​ကြီးခရိုင်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးကြီးရဲမြင့်၊ ခတ္တမြိုနယ်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးစိုး​အောင်​၊ မြို့မစခန်းမှူးဒုရဲမှူးမျိုးဦး​တို့ ​ရောက်​ရှိ စစ်​​ဆေး​ဆောင်​ရွက်​ခဲ့ပါသည်​။

အခင်းဖြစ်​​နေရာတွင်​ ဂစ်​တာအကျိုးအပိုင်းအစများ ကျန်​ခဲ့မှုကို အ​ခြေခံ၍ ဂစ်​တာတီးသူများအားခရိုင်​အထူးမှုခင်းနှိမ်နင်းေ​​​ရးအဖွဲ့၊ မြို့မစခန်းမှ နယ်​ထိန်းတပ်​ဖွဲဝင်​များ၊ နယ်မြေစခန်းမှ နယ်ထိန်းတ​​​​ပ်​ဖွဲ့ဝင်​များ ပူး​ပေါင်း၍ စုံစမ်းခဲ့ရာ ဂစ်​တာတီးသူစိုင်းဘိုဘိုပါ (၇)ဦးအား​ သက်​​သေခံဓားနှင့်အတူ ညတွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး ကျန်​ရှိတရားခံများအား ဆက်​လက်​ဖမ်းဆီး ရမိ​ရေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရှိရပါသည်​။

Shan Min Thar
သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal
တောင်​ကြီး မြို့လယ်​​ခေါင်​တွင်​ ညအချိန်​ အုပ်​စုဖွဲ့ ရမ်းကားမှု​ကြောင့် လူသတ်​မှုဖြစ် တောင်​ကြီး မြို့လယ်​​ခေါင်​တွင်​ ညအချိန်​ အုပ်​စုဖွဲ့ ရမ်းကားမှု​ကြောင့် လူသတ်​မှုဖြစ် Reviewed by THITHTOOLWIN on 09:47 Rating: 5
Powered by Blogger.