(၂၁)မိုင် ပူးပေါင်းစစ်ဆေးဂိတ်၌ တရားမဝင် ကျောက်စိမ်းတုံး ၇ဝ၃ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့နယ်၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးဂိတ်၌ တရားမဝင် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ
နေပြည်တော် ဒီဇင်ဘာ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအနီး (၂၁)မိုင် ပူးပေါင်းစစ်ဆေးဂိတ်၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၄ ရက် ည ၁၁ နာရီခွဲခန့်တွင် ဖားကန့်ဘက်မှ မြစ်ကြီးနားဘက်သို့ ဦးစောထွန်း(ဘ) ဦးမောင်အုံ မောင်းနှင်လာပြီး ယာဉ်နောက်လိုက် အောင်ကိုဦး (ဘ) ဦးထွန်းလှ၊ ယိန်းဆောင်(ဘ) ဦးယောယိန်း လိုက်ပါလာသည့် BEAM HINO အမျိုးအစား (အဖြူရောင်) ယာဉ်အမှတ်၊ ၆က/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပီနံအိတ် ၁၈၅ အိတ်ဖြင့် ထုပ်ပိုးတင် ဆောင်လာသော တရားမဝင် ကျောက်စိမ်းတုံး ၇ဝ၃ဝ ကီလိုဂရမ်ခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ၊ ယာဉ်နှင့် ကျောက်စိမ်းတုံးများအား မြစ်ကြီးနာြး မို့နယ်ရဲစခန်းသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
(၂၁)မိုင် ပူးပေါင်းစစ်ဆေးဂိတ်၌ တရားမဝင် ကျောက်စိမ်းတုံး ၇ဝ၃ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိ (၂၁)မိုင် ပူးပေါင်းစစ်ဆေးဂိတ်၌ တရားမဝင် ကျောက်စိမ်းတုံး ၇ဝ၃ဝ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.