ဂျရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ချက် ထရမ့်ကို တူရကီရှုတ်ချ

Photo: Recep Tayyip Erdoğan Facebook
ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမယ့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေသတွင်း မီးကွင်းပစ်သလိုဖြစ်လိမ့်မယ်လို့ တူရကီသမ္မတ အီရာဒိုဂန်က ပြောလိုက်ပါတယ်။

ဒါဘယ်လိုလုပ်လိုက်တာလဲ၊ နိုင်ငံရေးခေါင်းဆောင်တွေက ဒီလိုမီးမမွှေးဘူး၊ သူတို့က ငြိမ်းချမ်းရေးရဖို့ နည်းလမ်းတွေလည်းရှာလိမ့်မယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ထရမ့်ဟာ ၁၉၈၀ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လုံးဝလျစ်လျူရှုလိုက်တာလို့လည်းပြောပါတယ်။ တူရကီသမ္မတဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၊ ရုရှားသမ္မတ ဗလာတီမာပူတင်၊ ဂျာမနီ အပါအဝင် အနောက်နိုင်ငံက မဟာမိတ်ခေါင်းဆောင်တွေနဲ့ ဒီနေ့ညနေနဲ့ မနက်ဖြန်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောပါတယ်။

အစ္စတန်ဘူမြို့က အမေရိကန်သံရုံးရှေ့မှာ မနေ့ညက လူ ၁၅၀၀ လောက်စုရုံးပြီး အမေရိကန် ကျဆုံးပါစေလို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဂျရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ချက် ထရမ့်ကို တူရကီရှုတ်ချ ဂျရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သတ်မှတ်ချက် ထရမ့်ကို တူရကီရှုတ်ချ Reviewed by THITHTOOLWIN on 07:59 Rating: 5
Powered by Blogger.