ARSA ဝင်တိုက်လာနိုင်ခြေရှိတယ်လို့ ICG ထုတ်ပြန်


ARSA ခေါ် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် အမည်ရှိ အကြမ်းဖက်အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ နယ်စပ်ကို ကျော်ဖြတ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းကို ၀င်ရောက်တိုက်ခိုက်လာနိုင်ခြေရှိတယ်လို့ ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

“အန္တရာယ်အဆင့်သစ်ထဲကို ၀င်ရောက်လာတဲ့ မြန်မာ့ ရိုဟင်ဂျာ ပြဿနာ“ အမည်ရှိ ICG အစီရင်ခံစာမှာ - ARSA ဟာ ဘင်္ဂလားဒေ့ရှ်ကို အခြေစိုက် စခန်းအဖြစ် အသုံးပြု၊ လူအင်အားပြန်လည်စုဆောင်း၊ လေ့ကျင့် သင်တန်းပေးပြီး၊ နယ်စပ်ကျော် တိုက်ခိုက်တဲ့နည်းလမ်းတွေ ပြောင်းလဲလုပ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့ပြင် အဲဒီလိုတိုက်ခိုက်တာတွေကြောင့် ဆိုးကျိုးတွေသာ ပေါ်ပေါက်လာမှာဖြစ်ပြီး၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်သွားမယ့်အပြင်၊ ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်တွေပါ အလားအလာ မကာင်းဘဲဖြစ်သွားနိုင်တယ်လို့ အစီရင်ခံစာမှာဖေါ်ပြပါတယ်။

နောက်ထပ် စိုးရိမ်စရာတခုကလည်း အခုအခါ ရိုဟင်ဂျာကိစ္စဟာ မွတ်စလင်ကမ္ဘာရဲ့ အထူးအာရုံစိုက်စရာအရေး ဖြစ်လာတာကြောင့် အယ်ခိုက်ဒါ၊ IS နဲ့ တခြား ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်အဖွဲ့တွေက မြန်မာနိုင်ငံတွင်းမှာ တိုက်ခိုက်ရေးတွေ ဆောင်ရွက်ကြဖို့ ဆော်သြလာနေကြတဲ့ကိစ္စဖြစ်တယ်လို့ ICG က ဆ်ုပါတယ်။

ဒီက်စ္စနဲ့ပတ်သက်လို့ HRW နဲ့ AI စတဲ့ လှူုအခွင့်အရေးအဖွဲ့တွေက မြန်မာ့တပ်မတော်ဟာလည်း ARSA ရဲ့ အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုတွေကို လက်ညှိုးထိုးပြီး၊ နယ်မြေရှင်းလင်းတဲ့နေရာမှာ လူ့အခွင့်အရေးချိုးဖေါက်ရာ ရောက်လောက်အောင် အလွန်အကျွံ အင်အားသုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကြကြောင်း AFP သတင်းက ဖေါ်ပြပါတယ် ။

ဒုက္ခသည် ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအပေါ် ပိတ်ဆို့အရေးယူတာတွေဟာ အနာတခြား၊ ဆေးတခြား ဖြစ်သွားလိမ့်မယ်လို့လည်း ICG က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ARSA ဝင်တိုက်လာနိုင်ခြေရှိတယ်လို့ ICG ထုတ်ပြန် ARSA ဝင်တိုက်လာနိုင်ခြေရှိတယ်လို့ ICG ထုတ်ပြန် Reviewed by THITHTOOLWIN on 07:59 Rating: 5
Powered by Blogger.