မြစ်ကြီးနား ကားကြီးဝင်း အသစ် သို့ ပြောင်းရန် အ ခ ကြေးငွေ မြှင့်မား


မြစ်ကြီးနား ကားကြီးဝင်း အဟောင်း မှ အသစ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့ ပြောင်းရွှေ့ရန် အစိုးရ စာထုတ်ပြန်သော်လည်း နေရာသစ် အတွက် အ ခ ကြေငွေ ဈေးနှုန်း မြှင့်မားမှုကြောင့် ယာဉ်လိုင်းပိုင်ရှင်များ အခက်ခဲ ကြုံနေကြကြောင်း သိရသည်။

တပ်ကုန်း ရွှေလမ်းမကြီး နံဘေး အသစ်ပြီးစီးထားသည့် ကားကြီးဝင်း အသစ်တွင် ကားဂိတ်တစ်ခု အတွက် နေရာတန်ဖိုးမှာ ကျပ် သိန်း ခြောက်ရာ ကိုးဆယ့် လေးသိန်း ငါးသောင်း (၆၉၄၅ဝဝဝ၀) ဖြစ်ပြီး ဈေးဆိုင်တစ်ခန်းတန်ဖိုးမှာ ကျပ် သိန်း ၄၀၀ ဖြစ်ကြောင်း သိရပါသည်။

ပြည်နယ်ကျော်ဖြတ်ပြီး ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများအတွက် အဆင်ပြေသော်လည်း ပြည်နယ်တွင်း ပြေးဆွဲနေသည့် လိုင်းငယ်များမှာ အဆိုပါ တန်ဖိုးကို မတတ်နိုင်ကြောင်း ကျောက်စိမ်းမြေ မော်တော်ယာဉ် အသင်း ဥက္ကဌ ဦးကျော်ဆန်းက ပြောပါသည်။

“အဓိကတော့ ငွေရေးကြေးရေး ကိစ္စပေါ့။ အခုသူတို့ရောင်းချပေးတဲ့အခန်းက သိန်း ၇ ရာနီးပါးရှိတယ်။ ကျွန်တော်တို့ ပြည်နယ်တွင်းဂိတ် အနေနဲ့ ဒီ သိန်း ၇ ရာကို ဘယ်လိုမှ မတတ်နိုင်ဘူးဗျာ။ မတတ်နိုင်တဲ့အတွက် ဒီဇင်ဘာ ၂၁ ရက်နေ့ ရွှေ့ပြောင်းခိုင်းပေမယ့် ကျွန်တော်တို့ မပြောင်းနိုင်ပါဘူး။ မရွှေ့ပြောင်းနိုင်တာကို သူတို့အနေနဲ့ ကျွန်တော်တို့ကို ဘယ်လို ပြန်စီစဉ်ပေးမလဲပေါ့နော်။ ဒါလေးပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”

ယခုလို ကားဂိတ် ဈေးမြင့်မားသည့်အတွက် ဘဏ်နှင့်ချိတ်ဆက်ပြီး ဝယ်ယူရန် အစိုးရက ငွေကြေးမတတ်နိုင်သည့် ယာဉ်လိုင်းများကို ပြောထားကြောင်း သိရပါတယ်။

လက်ရှိ ကားကြီးဝင်းဟောင်းတွင် ပြေးဆွဲနေသောယာဉ်လိုင်းများမှာ ယခင်အစိုးရလက်ထက် ၁၅ နှစ် တရားဝင် ခွင့်ပြုထားသည့် သက်တမ်းမှာ ၃ နှစ်ခန့် ကျန်ရှိနေသေးကြောင်း သိရသည်။ ယင်းအတွက် လက်ရှိအစိုးရမှ တစ်ခုခု စဉ်းစာပေးရန်လည်း ယာဉ်လိုင်းပိုင်ရှင်များက လိုလားနေကြပါသည်။

မြစ်ကြီးနားကားကြီးဝင်းတွင် ပြည်နယ်တွင်းနှင့် နယ်ကျော် ပြေးဆွဲနေသည့် ယာဉ်လိုင်း စုစုပေါင်း ၇၀ ကျော် ရှိကြောင်း သိရသည်။

Kachin News Group
http://burmese.kachinnews.com/
မြစ်ကြီးနား ကားကြီးဝင်း အသစ် သို့ ပြောင်းရန် အ ခ ကြေးငွေ မြှင့်မား မြစ်ကြီးနား ကားကြီးဝင်း အသစ် သို့ ပြောင်းရန် အ ခ ကြေးငွေ မြှင့်မား Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.