ဝယ်လက်နည်းသွားမှုကြောင့် စပါးဈေးနှုန်းများ ပြန်လည်ကျဆင်းလာ


ရန်ကုန် ဒီဇင်ဘာ ၉

စပါးသစ်ပေါ်ခဲ့ပြီးနောက်ပိုင်း သိသိသာသာမြင့်တက်သွားခဲ့သော စပါးဈေးနှုန်းများသည် အကျဘက် သို့ ပြန်လည်ရောက်ရှိလာကြောင်း ပဲခူးမြို့ရှိ ဆန်စပါးကုန်သည်များ က ပြောသည်။

စပါးသစ်ပေါ်လာပြီးနောက် တွင် ရက် ၁ဝဝ ဝန်းကျင်စိုက်ပျိုး ရသောစပါးအမျိုးအစားများသည် တင်း ၁ဝဝ လျှင်ကျပ် ၅၆ဝဝဝဝ မှ ကျပ် ၆ဝဝဝဝဝ ကြားပေါက် ဈေးဖြစ်သည်အထိ မြင့်တက်သွား ခဲ့သည်။ တရုတ်ဘက်မှ စပါးဝယ် လိုအား မြင့်မားခဲ့ခြင်းကြောင့်စပါး ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းဖြစ် ပြီး ဖြစ်ပေါ်ခဲ့သောစပါးဈေးနှုန်း များမှာ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခု ခန့်အတွင်း အမြင့်ဆုံးဈေးနှုန်းမျိုး အထိ ရောက်ရှိခဲ့ကြောင်း စပါး စိုက်တောင်သူများထံမှသိရသည်။

အုတ်ဖိုမြို့နယ်မှ စပါးစိုက် တောင်သူတစ်ဦးဖြစ်သော ဦးဝင်း အောင်က'ဒီနှစ်စပါးဈေးကထင်ထား တာထက် အများကြီးမြင့်သွားတယ်။ ဈေးကောင်းရတယ်လို့ ပြောလို့ရ ပေမယ့် တောင်သူတွေ အမြတ်များ များ ရလားဆိုရင် သိပ်မရဘူးလို့ ပဲ ပြောရလိမ့်မယ်။ စိုက်ပျိုးစရိတ်၊ အခြားစရိတ်တွေအပြင် လယ်ယာ လုပ်သားရှားပါးတာကြောင့် စက် အားသုံးရတာတွေအကုန်ပေါင်းရင် မြတ်တော့မြတ်တယ်။ သိပ်မြတ် တာမျိုး မဟုတ်ဘူးလို့ ပြောလို့ရ တယ်။ ဒါတောင် ဒီနှစ်က ရာသီ ဥတု သိပ်မဖျက်လို့အဆင်ပြေတာ' ဟုပြောသည်။

ပဲခူးမြို့ရှိ ဆန်စပါးကုန်သည် တစ်ဦးဖြစ်သော ဦးမြင့်ဇော်က လည်း 'ဒီနှစ်စပါးဈေးက စံချိန် တင်အနေအထားရောက်တယ်လို့ တောင်ပြောလို့ရတယ်။ တစ်ခါမှ မကြားဘူးတဲ့အနေအထားမျိုးရောက် သွားတာ။ တရုတ်ဘက်က တော် တော် လိုက်ဝယ်လိုက်လို့ ဂယက် ရိုက်သွားတာလည်း ပါတယ်။ ရက် ၁ဝဝ မျိုးတွေတောင်မှ တစ်ခါမှ မကြားဖူးတဲ့ ဈေးမျိုးတွေ ဖြစ်ကုန် တာ။ ဒါပေမဲ့ စပါးသစ်ကလည်း နေရာတော်တော်များများမှာ ပေါ် လာတော့ စပါးဈေးကဖြည်းဖြည်း ချင်းအကျဘက် ပြန်ရောက်လာပြီ။ တရုတ်အဝယ်ကလည်း ရပ်သ လောက်ဖြစ်သွားပြီ။ သိပ်မကြာခင် စပါးဈေး တော်တော်ကျသွားမယ် လို့ မှန်းတယ်'ဟု ပြောသည်။

NG
The Union Daily
https://www.facebook.com/uniondaily.net
ဝယ်လက်နည်းသွားမှုကြောင့် စပါးဈေးနှုန်းများ ပြန်လည်ကျဆင်းလာ ဝယ်လက်နည်းသွားမှုကြောင့် စပါးဈေးနှုန်းများ ပြန်လည်ကျဆင်းလာ Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.